close

မီးရထားရဲ၀န်ထမ်း

close

June 22, 2021

ရေးမြို့ မီးရထားရဲ၀န်ထမ်း ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့

မွန်ပြည်နယ် ရေးမြို့ ဘူတာရုံက မီးရထားရဲဝန်ထမ်း ၄ ဦးမှာ ဇွန် ၂၂ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ မြို့နယ် ကိုးဗစ် ၁၉ ကာကွယ်ရေးကော်မတီဝင် တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုဗစ်-၁၉ လူနာသစ်တွေဟာ  မော်လမြိုင်မြို့က Positive လူနာနဲ့ ထိတွေ့သူတွေဖြစ်ကြပြီး သူတို့ကို မီးရထား ရဲဝန်ထမ်းအိမ်ရာကနေ မော်လမြိုင် ကိုဗစ်ကုသရေးဌာနကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မီးရထား ရဲဝန်ထမ်းအိမ်ရာကို အသွားလာကန့်သတ်ထားခဲ့ပြီး ရေးမြို့နယ်အတွင်း ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက လူနာ ၁၀၀ လောက် တွေ့ရှိခဲ့ပြီး တတိယလှိုင်းမှာ လူနာသစ် ၄ ဦး စတင်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

4 mins Ago
Up