close

မီးရောင်စုံ အလှပြင်ဆင်

close

December 12, 2021

ပါရီမြို့တွင် ခရစ္စမတ်အတွက် မီးရောင်စုံများ အလှပြင်ဆင်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရဲ့ လမ်းမတွေမှာ ခရစ္စမတ်မီးရောင်စုံတွေ၊ အလှအပြင်အဆင်တွေနဲ့ အသက်ဝင်နေပါပြီ။

ပါရီမြို့သားတွေ၊ အလည်အပတ်လာသူတွေဟာ ဈေးဝယ်ထွက်ရင်းနဲ့ ခရစ္စမတ် ရသနဲ့ အလှအပကို ခံစားနေနိုင်ကြတာလည်းဖြစ်ပါတယ်။ အရင်နှစ်က ကိုဗစ်ကပ်ဘေးကြောင့် ညမထွက်ရ အမိန့်ထုတ်ထားတဲ့ ခရစ္စမတ်မျိုး မဖြစ်ဖို့ ပြင်သစ် အစိုးရကလည်း သတိထားနေပါတယ်။ 

လောလောဆယ် ကိုဗစ် ပဉ္စမလှိုင်းကို ပြင်သစ်နိုင်ငံတဝန်းလုံးမှာ ကြုံနေရပေမယ့် ပြင်သစ် တနိုင်ငံလုံးမှာ လူဦးရေ ၅၂ သန်းလောက် ကာကွယ်ဆေး ထိုးပြီးသား ဖြစ်ပါတယ်။

လူဦးရေ ၅၂ သန်း ဖြစ်တဲ့အတွက် ပြည်သစ် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါကြောင့် အရင်က ကြုံခဲ့ရတဲ့ ကိုဗစ်လှိုင်းတွေလိုမျိုး တင်းကျပ်တဲ့ စည်းကမ်းတွေကို ထုတ်ပြန်စရာမလိုဘဲ ခရစ္စမတ်ကာလကို ဖြတ်သန်းဖို့ ပြင်သစ် အစိုးရက မျှော်လင့်နေပါတယ်။

2 mins Ago
Up