close

မီးလောင်သေဆုံးနေသည့် အလောင်း

close

August 7, 2022

ဝမ်းတွင်းမြို့နယ်တွင် မီးလောင်သေဆုံးနေသည့် အလောင်း နှစ်လောင်းတွေ့ရှိ

မန္တလေးတိုင်း မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ မီးလောင်ကျွမ်းနေတဲ့ အလောင်းနှစ်လောင်း သြဂုတ် ၇ ရက် မနက် ၉ နာရီက တွေ့ ရှိခဲ့တယ်လို့ ရွာခံတွေက ပြောသိရပါတယ်။

ဂုဏ်ရွာအနောက်ဘက်နားမှာ မီးလောင်သေဆုံးနေတဲ့ အမျိုးသမီး အလောင်းနဲ့ အမျိုးသား အလောင်းကို တွေ့ရတာဖြစ်ပြီး အလောင်းတွေကို သန္တိသုခပရဟိတ နာရေးကူညီမှုအသင်းကားနဲ့  ဝမ်းတွင်းမြို့နယ်ဆေးရုံ ရင်ခွဲရုံကို ပို့လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူတွေကတော့ ဂုဏ်ရွာကျေးရွာမှ မောင်ထိန်လင်းအောင် (၁၈) နှစ်နဲ့ ဇနီးဖြစ်သူ မလှိုင်လှိုင်ဖြိုး (၁၈) နှစ်တို့ဖြစ်ပြီး ယာခင်းစောင့်ရင်း အိပ်ပျော်နေတုန်း ယာတဲမီးလောင်ရာမှ လူတွေပါ မီးလောင်သေဆုံးတယ်လို့ ဒေသတွင်း တာဝန်ရှိသူတွေရဲ့ သုံးသပ်ချက်သာ သိရှိရပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဓာတ်ပုံ - သန္တိသုခ ပရဟိတ နာရေးကူညီမှုအသင်း

45 seconds Ago
Up