close

မီးသတ်ကား

close

January 9, 2023

ညောင်တုန်းမြို့၌ မီးလောင်ပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ အမှတ် ၈ ရပ်ကွက်မှာ ဇန်နဝါရီ ၉ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၈ ရပ်ကွက်၊ ဇီဇဝါလမ်းထဲမှာ ဒီမနက် ၁၁ နာရီလောက်ကစတင်ကာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ချိန် ၁ နာရီခွဲလောက် ကြာမြင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပထမပိုင်း ရပ်ကွက်ကလူတွေပဲ ဝိုင်းငြှိမ်းရတာ၊ နောက်ပိုင်းမှ မီးသတ်ကားတွေ ရောက်လာတာ၊ အိမ် ၃ လုံးလောက် မီးလောင်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို အသေးစိတ် မသိရသေးပေမဲ့ လူသေဆုံး ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့က စစ်ဆေးနေပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့လည်း စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမီးလောင်မှုဖြစ်စဉ်ဟာ ညောင်တုန်းမြို့မှာ ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလောင်မှုလည်း ဖြစ်ပါတယ်။

11 mins Ago

December 8, 2020

မန္တလေးတွင် မီးသတ်ကား ၂ စီးတိုက်မိပြီး မီးသတ်သမားအချို့ ဒဏ်ရာရ

မန္တလေးမြို့မှာ မီးလောင်ရာနေရာကို သွားရောက်တဲ့ မီးသတ်ကား ၂ စီး အချင်းချင်း မတော်တဆ တိုက်မိမှုဖြစ်ပွားပြီး မီးသတ်သမား တချို့ထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ ဒီဇင်ဘာ ၈ ရက်က မန္တလေးမြို့အောင်မြေသာဇံမြို့နယ် (၂၃)လမ်း (၈၂)လမ်း နဲ့ (၈၃)လမ်းကြားရှိ မီးလောင်ပြင်သို့ သွားရောက် မီးငြှိမ်းသတ်ဖို့ထွက်လာတဲ့  မီးသတ်ကား၂ စီးဟာ လမ်းကြောင်းလွဲမှုကြောင့် (၂၂) လမ်း နဲ့(၈၁)လမ်းထောင့်မှာ အချင်းချင်း တိုက်မိခဲ့တာပါ။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားပေါ်မှာပါတဲ့ ယာဉ်မောင်း နှစ်ဦးစလုံးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၈  ဦး စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ မန္တလေးပြည်သူ့ဆေးရုံကြီးကို တင်ပို့ခဲ့ပါတယ်။ မီးလောင်ရတာဟာ အဲယားကိုလာ အပူလွန်ကဲရာကနေ အနီးရှိမွှေ့ယာကို ကူးစက်  စတင်လောင်ကျွမ်းခဲ့တာဖြစ်ကာ မီးလောင်ရှုံးဆုံးမှုတန်းဖိုး ၁၀၅,၀၀၀ ကျပ်ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ လျှပ်စစ်မီး ပေါ့ဆသုံးစွဲတဲ့ ဦးဝင်းမောင်ကို အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ် ။ သတင်း-နိုင်လင်းဦး Photo-Myo Thiha Kyaw/MPA
2 years Ago
Up