close

မီးသတ်စခန်း

close

January 9, 2022

လောင်းရှည်မြို့ မီးသတ်စခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း ဆောမြို့နယ် ‌ောာင်းရှည်မြို့မှာ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီ တပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီးတော့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ လောင်းရှည် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

လောင်းရှည်မြို့ မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ လောင်းရှည် PDF က အဝေးထိန်းဖုန်းနည်းပညာ အသုံးပြုပြီးတော့ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ လောင်းရှည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီးတော့ပစ်ခတ်ပေမဲ့ လောင်းရှည် PDF က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

အဲဒီမိုင်းကွဲ ပြီးတဲနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က မြို့တွင်း၊ မြို့ပြင်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သူတို့တပ်စွဲထားတဲ့နေရာတွေကို မသွားကြားဖို့နဲ့ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

“မီးသတ်စခန်းဘက်မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲသံ ပစ်ခတ်သံတွေ ဆက်တိုက်ကြား ရတယ်။ လောင်းရှည်မြို့ဝင်ဂိတ်နဲ့မြို့ထဲတွေမှာ စစ်ကောင်စီတပ်တွေက ခရီးသွားပြည်သူတွေနဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်” လို့  လောင်းရှည်မြို့ဒေသခံ တစ်ယောက်ကပြောပါတယ်။

အဲဒီမိုင်းခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

12 hours Ago

August 9, 2021

ရေးမြို့နယ် တောင်ဘုံကျေးရွာနယ်မြေ မီးသတ်စခန်းအနီး ဗုံးပေါက်ကွဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာနယ်​မြေရှိ မီးသတ်စခန်းအနီး  သြဂုတ် ၈ ရက် နေ့လယ်လောက်က   ဗုံး ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဗုံးကို သက်ဆိုင်နယ်မြေခံ စစ်ဘက်မှ တာဝန်ရှိသူတွေက အချိန်မီ လာရောက် ရှင်းလင်းဖယ်ရှားခဲ့လို့ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့ ဆိုပါတယ်။

အခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပါအဝင် ရေးမြို့နယ်မှာ ဗုံးပေါက်ကွဲမှု ယနေ့အထိ ၂၀ အကြိမ်အထိ ဖြစ်ပွားခဲ့ထားပြီး အနည်းဆုံး လူ ၈  ဦးလောက် ဒဏ်ရာရှိခဲ့ထားပါတယ်။

ဒီနေ့အထိ ဗုံးပေါက်ကွဲ ဖြစ်စဉ်တိုင်းကို ဘယ်အဖွဲ့အစည်းမှ တရားဝင် ဝန်ခံပြောဆိုထားတာ မရှိသေးပါဘူး။

5 months Ago
Up