close

မီးသွေး

close

February 28, 2022

ရေးမြို့တွင် မီးသွေးဈေးနှုန်း မြင့်တက်

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလ မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေ နှစ်ဆဖြစ်တက်သွားသလို မီးဖိုချောင်သုံး မီးသွေးဈေးတွေလည်း မြင့်တက်လာနေတာကြောင့် အခက်အခဲ့ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခြေခံစားသောက်ကုန်တွေလည်း အရင်ကာလကထက် ဈေးတွေ ၂ ဆနီးပါးလောက် တက်သွားတယ်။ အခု မီးသွေး ၁ အိတ်မှာ အရင်က ၂၅၀၀ ကျပ်ကနေ အခု ၃၅၀၀ ကျပ်အထိ ပေးဝယ်ရပြီး အခြေခံစားကုန်တွေက အစဈေးတွေ ဆက်ပြီး တက်နေခဲ့ရင် ကျမတို့လို ဝင်ငွေနည်းတဲ့ မိသားစုတွေမှာ တနေ့တခြား ပိုပြီးခက်ခဲလာနေတယ်” လို့ အိမ်ရှင်မ တဦးက ပြောပါတယ်။

ရေးမြို့မှာ မီးသွေးကို ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေနဲ့ ကျေးလက်နေ လူတန်းစားတွေ အများဆုံး သုံးစွဲနေကြတာလို့ ဆိုပါတယ်။

မီးသွေးဖုတ်လုပ်ကိုင်သူတဦးက “မီးသွေးဖုတ်ရာမှာ ထင်းလောင်စာကုန်ကြမ်းတွေက အစဈေးတက်တယ်။ အလုပ်သမားစရိတ်၊  သယ်ယူစရိတ်တွေက မြင့်တက်လာတော့ ဈေးပါ တက်ရတာ” လို့ ပြောပါတယ်။

ရေးမြို့နယ်က ကျေးလက်နေသူတွေဟာ လျှပ်စစ်မီး မရရှိတဲ့အခါ ထင်း၊ မီးသွေးကို အဓိကအားထား သုံးစွဲနေရတာကြောင့် စားသောက်ကုန်နဲ့ မီးသွေးဈေး နှစ်ဆလောက် မြင့်တက်သွားတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာ့ငွေတန်ဖိုးလည်း ကျလာတာကြောင့် အခြေခံလူတန်းစားတွေ ဘ၀ရပ်တည်ဖို့ စားဝတ်နေရေး တနေ့တခြား ပိုမိုကြပ်တည်းလာနေကြတယ်လို့ ရေးမြို့နေ ဒေသခံတွေက ပြောပါတယ်။

10 mins Ago

May 27, 2021

မြန်မာနိုင်ငံမှ မီးသွေးများ တရုတ်က ပိုမိုသယ်ဆောင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်နဲ့ ပန်ဆိုင်းမြို့အကြား နမ့်တောင်းရွာက မီးသွေးတွေကို ၁၂ ဘီးကားတွေနဲ့ တရုတ်နိုင်ငံက အရင်ကထက် ပိုမို သယ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်က နေ့စဉ် ပုံမှန် ၁၂ ဘီးကား အစီး ၂၀ ကနေ ၂၅ စီးကြား သယ်ဆောင်လာရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ရက်ကို အနည်းဆုံး စီးရေ ၅၀ ကနေ ၆၀ ကြားထိ သယ်ဆောင်လာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။  

၁၂ ဘီးကားတစ်စီးကို မီးသွေးတန်ချိန် ၄၀ ဝန်းကျင်တင်နိုင်တယ်လို့ သိရပါတယ်။

9 months Ago
Up