close

မုံရွာစီးပွားရေးဘဏ်ခွဲ

close

October 1, 2022

မုံရွာစီးပွားရေးဘဏ်ခွဲရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့မှာ  ခြင်းခတ်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီ‌ကျော်လောက်က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၆ ယောက် သေဆုံးခဲ့တယ်လို့  Chindwin Attack Force က သတင်းထုတ်ပြန်ပါတယ်။

ခြင်းခတ်နေတဲ့ စစ်ကောင်စီ တပ်သား ၄ ယောက်၊ သဲအိတ်အကာနဲ့ကင်းစောင့်နေတဲ့ စစ်ကောင်စီ တပ်သား‌တယောက်နဲ့ ယာဉ်ထိန်းမီးပွိုင့်ရုံးရှေ့ ဂိတ်ကင်းထဲနား ကင်းစောင့်နေတဲ့ စစ်ကောင်စီ တပ်သား တယောက်တို့ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုပစ်ခတ်ခဲ့တာဟာမုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄) ရဲ့ အထူး ကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄) တိုရဲ့ အထူးစုံစမ်း စစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force IO) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်းရေးသားထားပါတယ်။

အခုလိုပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

11 mins Ago
Up