close

မုံရွာတက္ကသိုလ်အနီး

close

October 26, 2021

မုံရွာတက္ကသိုလ်အနီး ရဲမှူးကားမိုင်းဆွဲခံရပြီး ရဲ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်အနီးမှာ အောက်တိုဘာ ၂၆ ရက် ဒီနေ့  နေ့လယ် ၂ နာရီဝန်းကျင်က ရဲမှူးကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး  ရဲတပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲမှူးကားကို PDF-South Monywa ၊ Monywa Night King၊ Monywa Heroes Group၊ Monywa UG Group အဖွဲတွေက ပူးပေါင်းပြီး ရှော့တိုက်ဒုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

“အခုဖြစ်တဲ့နေရာ မုံရွာတက္ကသိုလ်နဲ့ သန်းကုဋေအောင် ဆီဆိုင်အနီးမှာရှိတဲ့ ရဲမှူးဂျစ်ကားတစ်စီးကို မိုင်းခွဲ ဖျက်ဆီးခံရတာ။ ဂျစ်ကားကတော့ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားတယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတယောက်က  ပြောပါတယ်။

ဒါ့အပြင်  မုံရွာမြို့၊ ဆည်မြောင်းရုံးကိုလည်း အဆိုပါအဖွဲ့တွေကပဲ ပူးပေါင်းပြီး  အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

55 seconds Ago
Up