close

မုံရွာ - ခန္တီး

close

October 1, 2021

စက်သုံးဆီစျေးတက်သဖြင့် မုံရွာ - ခန္တီး ကုန်တင်ရေယာဉ်များ ပြေးဆွဲမှု ရပ်ဆိုင်း

စက်သုံးဆီဈေး အဆမတန်မြင့်တက်လာတာကြောင့် စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်တွင်းသွား မုံရွာ - ခန္တီး ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်တွေ မပြေးဆွဲတော့ဘူးလို့ သိရပါတယ်။

အရင်က ဒီဇယ်တစ်ပီပါကို ကျပ် ၂ သိန်းခွဲလောက် ရှိရာကနေ အခုအခါ ကျပ် ၄ သိန်း နား ရောက်လာတာကြောင့်  ဆက်ပြီး ပြေးဆွဲဖို့  အဆင်မပြေတော့ဘူးလို့ ဆိုကြပါတယ်။

“ဒီရက်ပိုင်း ဒီဇယ်စျေးတွေ မြင့်လာတယ်။ ကုန်တင်ရေယာဉ်တွေ မကိုက်တော့ဘူး။ တန်ဆာခကလည်း ဘာမရဘူး။  အခု ဒီဇယ်တစ်ပီပါ ၄ သိန်းလောက်ဆိုတော့ စက်လှေတွေ သွား လာဖို့ ခက်ခဲသွားတယ်။ မုံရွာ - ခန္တီး အသွားအပြန် သိန်း ၄၀ လောက်ရတာ။  မုံရွာ - ခန္တီး သွားရင် ဒီဇယ် ၁၀ လုံး လောက်ကုန်တယ်။ ဒီဇယ်တစ်ပီပါ ၄ သိန်းဆိုတော့ အရှုံးပဲ ရှိတော့တယ်” လို့ ကုန်တင်ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အခုလို စက်သုံးဆီစျေးတွေ မြင့်တက်တဲ့အတွက် ကုန်တင်စက်လှေတွေ မထွက်နိုင်ပါက ခန္တီးဒေသကို စားသောက်ကုန်တွေ မရောက်တော့ဘဲ ကုန်ပစ္စည်း ပြတ်တောက်တွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

14 mins Ago
Up