close

မုံရွာ စက်မှုဇုန်

close

October 31, 2022

မုံရွာစက်မှုဇုန်အတွင်းက စစ်ကောင်စီအမှတ် ၂ ရဲစခန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ထဲမှာရှိတဲ့ အမှတ် ၂ ရဲစခန်းကို ‌အောက်တိုဘာ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force Monywa V2  က သတင်းထုတ်ပြန်ထားပါတယ်။

အမှတ် ၂ ရဲစခန်းကို ၄၀ မမနဲ့ နှစ်ဖက်ညှပ် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခဲတဲ့ကျည်တွေ စခန်းအတွင်းကျရောက်ခဲ့တာကြောင့် ရဲ ၃ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ရဲ ၃ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အတည်ပြုသတင်းထုတ်ပြန်ထားတာ မရှိသေးသလို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စက်မှုနဲ့အနီးတဝိုက်မှာ အိမ်စီးကားတွေနဲ့ ရှာဖွေနေတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလျင်အမြန်ဆုတ်ခွာခဲ့ကြပြီး အထိခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါရဲစခန်းကိုGolden Eagle Force-Monywa-V2 နဲ့ Black Dragon Special Task Force၊Monywa Ranger Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုအပစ်ခတ်ခံရတဲ့ အမှတ် ၂ ရဲစခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

12 hours Ago

September 23, 2022

မုံရွာတွင် မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်အနီးက မြို့ပတ်လမ်းမှာ မီးရှို့သတ်ဖြတ်ပြီး ပီနံအိတ်ထဲ ထည့်သွင်းထားတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးအလောင်း ၁ လောင်းကို စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီအမျိုးသမီးအလောင်းမှာ လက်ကြိုးတုပ်ထားပြီး မီးလောင်ကျွမ်းတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မီးရှို့အသတ်ခံရတာ ဖြစ်နိုင်တယ်။ အလောင်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေပြီးမှ ပီနံအိတ်ထဲ ထည့်ထားတဲ့ အနေအထား တွေ့ရတယ်။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်ထားတယ်ဆိုတာကို မသိရသေးဘဲ လူမှုကယ်ဆယ်ရေးကားနဲ့ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မုံရွာမြို့တွင်းမှာ အခု စက်တင်ဘာ ၁ ရက်ကနေ ၂၃ ရက်နေ့ထိ ပိုင်ရှင်မဲ့အလောင်း ၁၀ လောင်းမက တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

1 month Ago
Up