close

မုံရွာ-ပုသိမ်လမ်း​

close

February 20, 2022

မုံရွာ-ပုသိမ်လမ်း​ဘေးဝဲယာရှိ နေအိမ်များကို စစ်​တပ်က ထပ်မံမီးရှို့၊ ပြည်သူ ၁ ဦး ကျည်ထိမှန်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မုံရွာ-ပုသိမ်လမ်း​ဘေးဝဲယာရှိ ပြည်သူ​တွေကို ​ဖေ​ဖော်ဝါရီ  ၂၀ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က  ပစ်ခတ်ဖမ်းဆီးပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ဒုန်း​တော​ကျေးရွာက ပြည်သူ ၆ ဦးထက်မနည်း အဖမ်းခံခဲ့ရပြီး ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ​ဒေသခံ​​​တွေက ​ပြောပါတယ်။ 

ပြည်သူ​တွေဟာ စစ်​ကောင်စီတပ်ဖွဲ့လာလို့ ​ကြောက်လန့်တကြီး ထွက်​ပြေးရာက​နေ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပြန်လည်လွတ်​မြောက်လာကြကာ ကျည်ထိမှန်သူကိုတော့ စစ်​ဆေးရုံသို့ ​ခေါ်​ဆောင်သွား​တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ် လုံခြုံ​ရေးရဲတပ်ဖွဲ့ ခွဲ အမှတ် ( ၂၈)နဲ့ ဆားလင်းကြီးမြို့နယ် မြန်မာ ဝမ်​ပေါင် ​လုပ်ကွက်ကြား မုံရွာ-ပုသိမ် ကားလမ်း​​ဘေးဝဲယာအနီးမှာရှိတဲ့ ပြည်သူ​​တွေရဲ့ ​နေအိမ်နဲ့ ကြက်မွေးမြူ​ရေးခြံ​အပါအဝင် အခြားအ​ဆောက်အဦတွေကိုလည်း စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတဦးက ​ပြောပါတယ်။

လက်ရှိအချိန်ထိ လမ်း​ဘေးဝဲယာမှာ စစ်​ကောင်စီတပ်သားတွေ ရှိ​နေ​သေးတာ​ကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ အ​ဆောက်အဦအ​ရေအတွက် အတိအကျမသိရ​သေးဘဲ မီးထဲပါသွားတဲ့ ​ကြက်​မွေးမြူ​ရေးခြံ  ၃ ခြံက​ ​မွေးမြူထားဆဲ ကြက်​တွေပါ မီးထဲပါသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့က ဘာ​ကြောင့် အခုလိုလုပ်​ဆောင်တယ်ဆိုတာ မသိရ​သေးဘဲ လုံခြုံ​ရေးရဲတပ်ဖွဲ့ခွဲ အမှတ် (၂၈) တပ်ဝင်းကနေ ​မနက် ၇ နာရီ​​လောက်မှာ သေနတ်တွေ ပစ်​ဖောက် ထွက်ခွာလာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမီးရှို့နေတာကြောင့် မုံရွာ-ပုသိမ် ကားလမ်းတစ်​လျှောက်အနီးမှာရှိတဲ့ ​ဒေသခံပြည်သူ​တွေ ထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

58 seconds Ago
Up