close

မုံရွာ-ပုသိမ် ကားလမ်း

close

January 31, 2022

မုံရွာ-ပုသိမ် ကားလမ်းတစ်​လျှောက်ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ ဇန်နဝါရီ ၃၀ ရက်​နေ့က ​ဒေသခံပြည်သူတွေ ​နေအိမ်နဲ့ပစ္စည်းတွေကို စစ်​ကောင်စီတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ အပြစ်မဲ့ ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ် ကားလမ်းတစ်​လျှောက်မှာရှိတဲ့ နေအိမ်တွေ ဖျက်ဆီးခံခဲ့ရတာလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့တွေ ဝင်​ရောက်ဖျက်ဆီးသွားတဲ့ ​နေအိမ်​ပေါင်း ၆ လုံး ထက်မနည်းရှိပြီး ပစ္စည်းတွေကို ​မွှေ​နှောက်ရှာဖွေတာနဲ့ မီးရှို့တာတွေ ပြုလုပ်ခဲ့သလို ဆိုင်ကယ် ၃ စီးကိုလည်း ရိုက်နှက်ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ စိတ်ကျန်းမာရေးမကောင်းသူကတော့ မုံရွာ အမှတ် ၁ ရဲစခန်းကနေ ဇန်နဝါရီ ၃၀ ရက် ညပိုင်း ပြန်လည်လွတ်​မြောက်လာခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၃၀ ရက်မနက် ၆ နာရီဝန်း​ကျင်​လောက်ကစပြီး ယင်းမာပင်မြို့နယ် ​အောင်​ဇေယျကွက်သစ်(​ဒေသ​ခေါ် ​ရွှေ​တောင်ဦးကုန်း)က​နေ မြန်မာ-ဝမ်​ပေါင် ​ကြေးနီလုပ်ကွက်အထိ လမ်းတစ်​လျှောက်မှာ လုံခြုံ​ရေးယူထားတဲ့ပုံစံနဲ့ ​ရောက်ရှိ​နေခဲ့ကြတာလို့ သိရပါတယ်။ 

ဘာ့ကြောင့် အခုလို လုံခြုံ​ရေးယူ​ပေးတယ်ဆိုတာ အတိကျမသိရ​ပေမယ့် လူကြီးခရီးစဥ် (သို့မဟုတ်) ​ကြေးနီသယ်​ဆောင်ဖို့အတွက်ဖြစ်နိုင်တယ်လို့ ​ဒေသခံ​တွေက ခန့်မှန်းကြပါတယ်။ 

စစ်​ကောင်စီတပ်သားတွေဟာ မနက်ပိုင်းကနေ ညနေပိုင်းအထိ လမ်းတစ်​လျှောက်မှာ အစုလိုက်ခွဲနေကြကာ လမ်းသွားလမ်းလာတွေကိုလည်း စစ်​ဆေးခဲ့ကြပြီး ​သေနတ်ပစ်ဖောက်တာတွေလည်း လုပ်​ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့​တွေက နေအိမ်တွေကို ဖျက်ဆီးနေတာကြောင့် မုံရွာ-ပုသိမ် ကားလမ်းတစ်​လျှောက်မှာရှိတဲ့ ​ဒေသခံပြည်သူ​တွေလည်း ​​နေအိမ်​တွေမှာ မ​နေရဲကြဘဲ ထွက်​ပြေး​ခဲ့ကြရတယ်လို့ သိရပါတယ်။

2 mins Ago
Up