close

မုံရွာ-မန္တလေးကားလမ်း

close

November 24, 2021

မုံရွာ-မန္တလေးကားလမ်းပေါ် ဗုံးပေါက်ကွဲ၊ ကားအသွားအလာ ရပ်ထား

စစ်ကိုင်းတိုင်း မုံရွာ- မန္တလေးလမ်းမကြီးပေါ်  မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာတံတားအနီး နိုဝင်ဘာ ၂၄ ရက်နေ့ မနက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ဒီမနက် ၈ နာရီလောက် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီး ဗုံးပေါက်ကွဲခဲ့တယ်။ ပေါက်ကွဲပြီး စစ်ကောင်စီတပ်တွေရောက်လာပြီး အနီးအနားမှာ သေနတ်တွေပစ်ခတ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုမုံရွာ-မန္တလေး ကားလမ်းပေါ်ဗုံးပေါက်ကွဲမှုကြောင့် ကားတွေပိတ်မိ ရပ်နားထားပြီး အခြေအနေကို စောင့်နေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

မြင်းမူ PDF တပ်ဖွဲ့ကလည်း  နိုဝင်ဘာ ၂၄ ရက်  မနက်ပိုင်းစပြီး မုံရွာ-မန္တလေးကားလမ်းကို သွားလာခြင်းမပြုဘဲ သွားလာခဲ့ပါကလည်း ရောက်တဲ့နေရာမှာ ကား ရပ်ထားကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

2 mins Ago
Up