close

မုံရွာ မြို့ပြပြောက်ကျားအဖွဲ့

close

June 14, 2022

မုံရွာမြို့တွင် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ရွှေဝါရောင်လမ်းမှာ ဇွန် ၁၃ ရက်က မြို့ပြပြောက်ကျားအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းရာမှာ မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ယောက်သေဆုံးသွားတယ်လို့ မုံရွာမြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။

ဒေသခံမြို့ပြပျောက်ကြားတပ်ဖွဲ့တွေက ဇီးကွက်စစ်ဆင်ရေးဗျူဟာအရ မိုင်းထောင်ခဲ့တာမှာ ပေါက်ကွဲခဲ့တာ DRPA ရဲ့ မုံရွာမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က သူတို့ (စစ်ကောင်စီတပ်ဖွဲ့) မြင်သာအောင် တမင်သက်သက်ထောင်ထားတာ။ ကြွမိုင်းဆိုတော့ ဖယ်ပြီး ဆွဲဖြုတ်လိုက်တာနဲ့ ထကွဲတာပေါ့။ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ် ယောက်သေပြီး ကျန်တဲ့ အနီးမှာရှိတဲ့ ဘေးကတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရတယ်။ ဇီးကွက်စစ်ဆင်ရေးဗျူဟာတခုအရ အကွက်ဆင်တိုက်ခိုက်ခဲ့တာပါ။” 

အဲ့ဒီတိုက်ခိုက်မှုကို DRPA မုံရွာမြို့ပြပြောက်ကျားရဲဘော်တွေ၊ M.A.C.T ထောက်ပို့တပ်၊ Monywa Night King အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း မုံရွာမြို့ အောင်သပြေလမ်းနဲ့ အာဇာနည်လမ်းဆုံနေရာမှာ မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံးခဲ့ပါတယ်။

1 min Ago

January 2, 2022

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီစစ်ကြောင်း၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီ၊ ဘုတလင်မြို့နယ်၊ လက်ပန်ကျေးရွာအနီးမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက် ၆ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ပွဲမှာ စစ်ကောင်စီက ဒီပဲယင်းမြို့နယ်အတွင်းကနေ ဘုတလင်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းချီလာစဉ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ လောက် သေဆုံးတယ်လို့ ဘုတလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီကောင်တွေရဲ့ စစ်ကြောင်း ဦးတည်လာနေပြီလို့ သတင်းရတာနဲ့ ကျနော်တို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်တယ်။ ကျနော်တို့ မိုင်းကွင်းထဲ ရောက်တာနဲ့ မိုင်းကို ဖြုတ်ချလိုက်တယ်။ အတုံးအရုံးပဲဗျ။ သေဆုံးတာကတော့ ကျနော်တို့ အတိအကျတော့ မပြောနိုင်ဘူး။ မိုင်းကတော့ ထိထိမိမိ ဆွဲလိုက်နိုင်တယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး  စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူတွေကို ဒီပဲယင်းမြို့ပေါ် သယ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ဒီပဲယင်းမြို့နယ် ရွှေဒါးကံကျေးရွာက အပြစ်မဲ့ ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဇန်နဝါရီ ၂ ရက် မနက် ၄ နာရီ လောက်က မိုးကြိုးလျှပ်စီးအဖွဲ့နဲ့ ဆားလင်းကြီး PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ​ရဲတပ်သား ၅ ဦး သေဆုံးသွားတယ်လို့ ဆားလင်းကြီး PDF က ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် မနေ့ကလည်း မြို့ရွာမြို့က မိုးကောင်းစစ်ဆေးရေးဂိတ်ကို မုံရွာမြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်နာရွဲ့ဆွမ်က “မနေ့က နေ့လယ် ၁ နာရီလောက် မုံရွာမြို့ ကျောက္ကာလမ်းရှိတဲ့ မိုးကောင်းစစ်ဆေးဂိတ်ကို ကျနော်တို့  မုံရွာမြို့ပြပျောက်ကျားအဖွဲ့ ဝင်ရောက်ပစ်ခတ်တယ်။ စစ်ကောင်စီတပ်သား ၃ ဦး သေတယ်။ လူတင်ကားတွေနဲ့ ခေါ်သွားတယ်” တို့  ပြောပါတယ်။

ဘုတင်လင်၊ ဆားလင်းကြီးနဲ့ မုံရွာမြို့တို့မှာ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

5 months Ago
Up