close

မုံရွာ Mytel ရုံး

close

December 8, 2021

မြစ်ကြီးနား Mytel တာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရ၊ မုံရွာ Mytel ရုံးအနီး ဗုံးပေါက်ကွဲ

မြစ်ကြီးနားမြို့မှာ Mytelတာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရပြီး မုံရွာမြို့ Mytel ရုံးအနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စက်မှုစုံရပ်ကွက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ပိုင် Mytel တာဝါတိုင် ဒီဇင်ဘာ ၇ ရက်နေ့ ည ၇ နာရီလောက် မိုင်းခွဲခံရ‌တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အသံက တခြားညတွေထက် တော်တော်ကျယ်ပြီး အိမ်တောင်တုန်လှုပ်တယ်။ Mytel တိုင်အနီးနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အတော့်ကို ခြောက်လန့်တုန်လှုပ်သွားတယ်။ ကျ‌နော်လည်း အပြင်မထွက်ရဲတော့ တာဝါတိုင်လဲကျသွားလားဆိုတာ မပြောနိုင်ဘူး။” 

စစ်ကောင်စီပိုင် Mytel တာဝါတိုင်ရဲ့ စက်ကို ဖောက်ခွဲသွားတာဖြစ်ပြီး ဘယ်အဖွဲ့က ဖောက်ခွဲသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ စက်မှုဇုန်ရပ်ကွက်နေပြည်သူတစ်ဦးကလည်း ပြောပါတယ်။

မြစ်ကြီးနားမြို့  ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့မှာလည်း ဒီဇင်ဘာ ၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကား ၃ စီး ပျက်စီးခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်နေတာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကျောက္ကာလမ်းမကြီးမှာရှိတဲ့ Mytel ရုံးအနီးမှာလည်း ဒီဇင်ဘာ ၇ ရက်နေ့ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ဒီည ၇ နာရီလောက် မုံရွာမြို့ ကျောက္ကာလမ်းမှာရှိတဲ့ စစ်တပ်ပိုင် Mytel ရုံးအနီး ပေါက်ကွဲခဲ့တယ်။ စစ်ကောင်စီတပ်သား ထိခိုက်ဒဏ်ရာရရှိမှုကတော့ မသိရဘူး” လို့ အနီးအနား နေ ဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့ရှိ Mytel ရုံးအနီး ဗုံးပေါက်ကွဲတာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရှိရသေးပါဘူး။

ဒီဇင်ဘာလ ၈ ရက် ည ၁၂ နာရီကစပြီး စစ်ကိုင်းတိုင်း ချင်းတွင်းတံတား မုံရွာ-ပုသိမ်လမ်းမကြီးနဲ့ ယာကြီး-ကလေးဝလမ်းမကြီးတွေကို အကန့်သတ်မရှိ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့နဲ့ ဖြတ်သန်းသွားလာခွင့် ပြန်ရမယ့် အချိန်နဲ့နေ့ရက်အား အသိပေးမယ်လို့ ယင်းမာပင် PDF က ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ထားပါတယ်။

2 mins Ago
Up