close

မုံရွာ PDF စခန်း

close

August 9, 2022

မုံရွာ PDF စခန်း ၁ ခုကို စစ်ကောင်စီတပ်က စီးနင်း၊ ဖမ်းဆီးခံ ရွာသား ၃ ဦးကို အကြမ်းဖက် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သပြေပင်စုကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေက သြဂုတ် ၈ ရက်မနက်ပိုင်းမှာ  ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ မနက်၆ နာရီလောက် မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းမှာ တပ်စွဲထားတဲ့ အင်အား ၄၀ ပါ စစ်ကောင်စီစစ်ကြောင်းက အရှေ့ဘက်ကိုင်းတောရွာကို ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့  ရွာသားတယောက်ကို အရင် ဖမ်းဆီးခေါ်သွားပြီးနောက် သပြေပင်ရွာက PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။  

ဒေသခံတဦးက “ကိုင်းတောရွာမှတဆင့် သပြေပင်စုရွာကို စစ်ကောင်စီတပ်တွေ ရောက်လာတယ်။ သပြေရွာမှာရှိ တဲ့PDFစခန်း တစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီးမီးရှို့ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်

စစ်ကောင်စီတပ်က  ၄၀ မမ သုံးလုံးနဲ့ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး PDF စခန်းကို မီးရှို့ကာ ဘေးနားရှိ တဲတွေကိုလည်း မီးရှို့သွားခဲ့ပါတယ်။

ဒါ့အပြင် လက်ထိပ်ခတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်နဲ့  ရွာရှိဧည့်သည်တယောက်  စုစုပေါင်း အမျိုးသား သုံးယောက်ရဲ့ ဦးခေါင်းတွေကို ရိုက်နှက်ကာ သတ်ဖြတ်ထားပြီး အလောင်းတွေကို  မြေမြှုပ်ထားခဲ့တယ်လို့ မုံရွာသတင်းပြန်ကြားအဖွဲ့က ထုတ်ပြန်ပါတယ်။ 

14 mins Ago

November 27, 2021

မုံရွာ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းမီးရှို့စဉ် မိုင်းကွဲပြီး စစ်ကောင်စီတပ်သား ၄ ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်က ညောင်ဖြူပင် PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက် မနက် ၅ နာရီလောက်က ဝင်ရောက်စီးနင်း မီး‌ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ PDF အဖွဲဝင်တစ်ဦးက “PDF စခန်းတစ်ခုကို အပိုင်ဆိုပြီး ဝင်ဖမ်းတာ။ PDFကို မမိဘဲ မုံရွာလျှပ်စီးအဖွဲ့ရဲ့ မိုင်းဆွဲတာခံလိုက်ရတယ်။ နေရာတင်‌ ၄ ယောက်သေတယ်။ ကျန်တဲ့သူတွေလည်း အများအပြား ဒဏ်ရာ ရသွားတယ်။ ကျနော်တို့ PDF အဖွဲ့က အထိခိုက် မရှိဘူး”လို့ ပြောပါတယ်။

မုံရွာမြို့နယ်အတွင်း စစ်ကောင်စီက PDF စခန်းကို မီးရှို့တာ ဒီအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။  ပထမအကြိမ်က မုံရွာမြို့မြောက်ဘက်က  ပလ္လင်ကျေးရွာအနီးက PDF စခန်းတစ်ခုကို မီးရှို့ခဲ့ပါတယ်။

8 months Ago
Up