close

မူဆယ်ကုန်သွယ်ရေးဇုန်

close

June 27, 2021

မူဆယ်ကုန်သွယ်ရေးဇုန်အနီး ဒဏ်ရာရထားသူ ၂ ဦးကို လာစွန့်ပစ်၊ ၁ ဦး သေဆုံးနေ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ အထက်နမ့်ဟွယ်ရွာ ကိုသွားတဲ့ လမ်းမကြီးနားက အမှိုက်ပုံမှာ ဒဏ်ရာတွေနဲ့အမျိုးသား ၂ ဦးကို ဇွန် ၂၆ ရက် မနက်ပိုင်းက လာရောက် စွန့်ပစ်ထားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံထားရပြီး စွန့်ပစ်ခံထားရတဲ့ ၂ ဦးထဲက ၁ ဦးဟာ အသက် သေဆုံးနေပြီး ကျန်တစ်ဦးကတော့ အသက်ရှင်လျက်ရှိနေပါတယ်။

သေဆုံးသူဟာ ပါးစပ်ကို အဝတ်နဲ့ ချည်နှောင်ပိတ်ခံထားရပြီး မျက်နှာမှာ သွေးတွေ ထွက်နေ သလို အသက်ရှင်နေ‌သူလည်း ဒဏ်ရာ‌တွေ ရရှိထားပါတယ်။

အသက်ရှင်လျက်ရှိနေသေးသူဟာ မူဆယ်မြို့အ.ထ.က ၁ ကျောင်းက ဆရာမတစ်ဦးရဲ့ သား ဖြစ်​တယ်လို့ သူကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

9 mins Ago
Up