close

မူဆီယယ်လာ

close

June 7, 2022

မူဆီယယ်လာကို အင်္ဂလန်အသင်းမှာပါဝင်ဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း နည်းပြဆောက်ဂိတ်ဝန်ခံ

ဂျာမနီလက်ရွေးစင်အသင်းမှာကစားနေတဲ့ ကွင်းလယ်လူ မူဆီယယ်လာကို အင်္ဂလန်အတွက် ကိုယ်စားပြုပေးဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ နည်းပြဆောက်ဂိတ်ကပြောပါတယ်။ 

အင်္ဂလန်အသင်းဟာ  နေးရှင်းလိဂ်အုပ်စုဒုတိယပွဲစဉ်အနေနဲ့ ဇွန် ၈ ရက် မနက်ပိုင်းမှာ ဂျာမနီအသင်းနဲ့ယှဉ်ပြိုင်ကစား သွားရမှာပါ။

အဲဒီပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီလက်ရွေးစင် မူဆီယယ်လာကို အင်္ဂလန် အတွက်ကစားပေးဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း နည်းပြ ဆောက်ဂိတ်က ဝန်ခံခဲ့တာပါ။ 

အသက်၁၉ နှစ်ရှိ မူဆီယယ်လာဟာ သက်တမ်းအလိုက် အင်္ဂလန်လူငယ်အသင်းတွေမှာ ၂၃ ပွဲအထိ ကစားခဲ့သူပါ။

သူဟာဂျာမနီမှာမွေးဖွားခဲ့သူဖြစ်ပေမယ့် ဖခင်ဖြစ်သူက ဗြိတိန်-နိုင်ဂျီးရီးယား နိုင်ငံသားဖြစ်တာကြောင့် အသက် ၇ နှစ်ကတည်းက အင်္ဂလန်ကိုပြောင်းရွှေ့လာခဲ့တာပါ။  ဘိုင်ယန်မြူးနစ်မှာ ဂျာမန်လက်ရွေးစင်တွေနဲ့ နေ့စဉ်တွဲဖက်ကစားနေရတာက အင်္ဂလန်အတွက် ကိုယ်စားပြုဖို့ မလွယ်ကူကြောင်း၊ ကောင်းမွန်တဲ့ကစားသမားဆိုတာ လူငယ်အသင်းတွေမှာ ကစားစဉ်ကတည်းက သိရှိကြောင်း နည်းပြဆောက်ဂိတ်ကပြောပါတယ်။

မူဆီယယ်လာဟာ ၂၀၂၁ ခုနှစ်အထိ အင်္ဂလန်ယူ ၂၁ အသင်းမှာကစားခဲ့ပေမယ့် ချဲလ်ဆီးလူငယ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ ကစားခဲ့မှုနဲ့အတူ ဂျာမနီအသင်းကို ကိုယ်စားပြုကစားဖို့ ရွေးချယ်သွားခဲ့တာပါ။

ဂျာမနီအတွက် ၁၂ ပွဲ အထိကစားထားတဲ့ မူဆီယယ်လာဟာ လူငယ်ဘဝမှာကစားခဲ့တဲ့ အင်္ဂလန်အသင်းကို ပြိုင်ဘက်အနေနဲ့ ပထမဆုံးအကြိမ်ပြန်လည် တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

1 min Ago
Up