close

မူလတန်းလွန်ကျောင်းသား

close

November 24, 2022

မအူပင်မြို့နယ်၌ မူလတန်းလွန်ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်က မူလတန်းလွန်ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီက ခုံစောင်းနဲ့တိုက်မိတာဖြစ်ကြောင်း သတင်းလွှင့်ဖို့ ဆရာ ဆရာမတွေကို စေခိုင်းထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ တာကောက်ကျေးရွာ မူလတန်းလွန်ကျောင်းက ၇ တန်းကျောင်းသား တယောက်ဟာ ကျောင်းဆင်းချိန်မှာ ၈ တန်းကျောင်းသား တယောက်ကို အသင့်ယူဆောင်လာတဲ့ ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။

“ခုစစ်တပ်က ကျောင်းအုပ်ကိုခေါ်တွေ့ပြီး ဒီဖြစ်စဉ်ကို မပျံ့အောင်လုပ်ဖို့ ပြီးတော့ ခုံနဲ့တိုက်မိတာ ပြောဖို့ မှာထားတယ် သတင်းပျံ့ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးလည်း လုပ်တယ်ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ကျောင်းဆင်းချိန်မှာ ၇ တန်းကျောင်းသားက ၈ တန်းကျောင်းသားကို ဓားနဲ့ထိုးတာကြောင့် ဘယ်ဘက် မျက်ခုံးနားကို ထိုးမိသွားလို့ မအူပင်ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။ 

ကျေးရွာထဲမှာတော့ ကျောင်းသားအချင်းချင်းဆော့ရာကနေ ခုံနဲ့တိုက်မိလို့ မျက်ခုံးကွဲပြီး ဆေးရုံတင်ထားရတယ်လို့ သတင်းတွေကို ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကပါ လိုက်လံပြောဆိုနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ 

ကျောင်းနေအရွယ် ကျောင်းသားတွေ ခုလိုမျိုး ဓားအသင့်ယူဆောင်လာတာဟာ အန္တရာယ်များပြီး စိတ်ပူရတဲ့အနေအထားဖြစ်ကာ အခန့်မသင့်ရင် အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

14 mins Ago
Up