close

မူဝါဒလမ်းစဉ်

close

April 30, 2022

ဟောင်ကောင်ခေါင်းဆောင်သစ် ဖြစ်လာနိုင်သည့် ဂျွန်လီးက မူဝါဒလမ်းစဉ် ချပြ

ဟောင်ကောင်ခေါင်းဆောင်ဖြစ်လာမယ့် တဦးတည်းသော ကိုယ်စားလှယ်လောင်းက သူ့ရဲ့ မူဝါဒလမ်းစဉ်ကို ဧပြီ ၂၉ ရက်မှာ ခင်းကျင်း ချပြခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့နဲ့ အိမ်ရာထောက်ပံ့မှု တိုးမြှင့်ရေးကို အာရုံစိုက်ထားတယ်လို့လည်း ပြောပါတယ်။

သက်မွေးဝမ်းကြောင်း လုံခြုံရေးပညာရှင်နဲ့ ရဲ ဒုတိယကော်မရှင်နာမင်းကြီး ဖြစ်ခဲ့သူ အသက် ၆၄ နှစ်အရွယ် ဂျွန်လီးဟာ တရုတ်ပြည်မကြီးရဲ့ ကျောထောက်နောက်ခံနဲ့ ဟောင်ကောင်အကြီးအကဲအဖြစ် မေ ၈ ရက် ရွေးကောက်ပွဲမှာ ခန့်အပ်ခံရဖို့ မျှော်လင့်ထားသူပါ။

ဟောင်ကောင်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ထားဖို့ သူက ကတိပြုပါတယ်။

အုပ်ချုပ်နိုင်စွမ်းကို တိုးမြှင့်ပြီး မူဝါဒရေးရာ သုတေသနကို အားဖြည့်ဖို့ အစိုးရအဖွဲ့ကို ပြန်ဖွဲ့စည်းမယ်လို့လည်း သူက အသေးစိတ်မပြောဘဲ ရှင်းပြပါတယ်။

တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အိမ်ပိုဆောက်နိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ ချောမွေ့အောင် အစိုးရက ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

လီနဲ့ တခြားမြို့ အတော်များများက တရုတ်အရာရှိတွေဟာ နိုင်ငံတော်လုံခြုံရေး ဥပဒေအောက်ကနေ လွတ်လပ်ခွင့်တွေကို ထိန်းချုပ် ကန့်သတ်ရာမှာ ပါဝင်တဲ့ သူတို့ရဲ့ အခန်းကဏ္ဍတွေအတွက် အမေရိကန်က ၂၀၂၀ မှာ ဒဏ်ခတ်တာကို ခံထားရပါတယ်။

ဒီဒဏ်ခတ်မှုဟာ ဒီမိုကရေစီအခန်းကဏ္ဍ ပိုကြီးလာဖို့ လှုံ့ဆော်မှုလို့ ဝေဖန်သူတွေက ပြောပါတယ်။

ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးက အရာရှိတွေကတော့ ဒီဝေဖန်မှုတွေဟာ ပြည်ပကနေ ဝင်ရောက်စွက်ဖက်တဲ့ မခိုင်လုံတဲ့ ဝေဖန်ချက်တွေအဖြစ် ပယ်ချရင်း စီးပွားရေး အောင်မြင်တာ သေချာစေဖို့ တည်ငြိမ်ဖို့လိုတယ်လို့ ငြင်းခုန်ခဲ့ကြပါတယ်။

55 seconds Ago
Up