close

မူးယစ်ဂိုဏ်းသား

close

August 20, 2021

မူးယစ်ဂိုဏ်းသား ၁ ဦးကို မင်္ဂလာပွဲကျင်းပချိန် ကိုလံဘီယာရဲတပ်ဖွဲ့ ဖမ်းဆီး

ကိုလံဘီယာအာဏာပိုင်တွေဟာ နိုင်ငံအနောက်မြောက်ပိုင်း အန်တီယိုကီယာနယ်မြေက အူရာမိတာမြို့မှာ Gulf Clan အမည်ရ မူးယစ်ဆေးဝါးဂိုဏ်းနဲ့ အရန်တပ်ဖွဲ့၀င် ဓားရှည် ခေါ် လူးဝစ္စ ဒန်နီယယ် ဆန်တားနားကို သြဂုတ်  ၁၈ ရက်  သူ့ရဲ့မင်္လာဆောင်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဆန်တားနားဟာ ဂိုဏ်းအတွက် ထောက်ပံ့ပို့ဆောင်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တစ်ယောက်ဖြစ်တယ်လို့ အစိုးရရှေ့နေရုံးက ဖော်ထုတ်ခဲ့ပါတယ်။ 

သူ့ကို အာဏာပိုင်တွေက ၂၀၁၇ ခုနှစ်ကတည်းက ရှာဖွေနေတာလို့ ရာဇ၀တ်ဂိုဏ်းများ နှိမ်နင်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ကာလို့စ်ရိုဘတ်တို အီကီယက်ဒိုက ပြောပါတယ်။ 

ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်အရ ဆန်တားနားဟာ အန်တီယိုကီယာ တောင်ပေါ်ဒေသ မှာ ပုန်းအောင်းနေတာဖြစ်ပြီး မင်္ဂလာဆောင်ဖို့ ပုန်းအောင်းတဲ့နေရာကနေ ထွက်ခွာချိန်မှာ အာဏာပိုင်တွေက အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။   

7 mins Ago
Up