close

မူးယစ်ဆေးဝါးကာကွယ်နှိမ်နင်း

close

October 23, 2022

မဲဆောက်တွင် မူးယစ်ဆေးဝါးကာကွယ်နှိမ်နင်းရေးအတွက် ရွှေ့ပြောင်းလုပ်သားတန်းလျားများကို စစ်ဆေးနေ

မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင် မဲဆောက်မြို့၊ မယ်တော်တိုက်နယ်မှာ  မူးယစ်ဆေးဝါးကာကွယ် နှိမ်နင်းရေးအတွက် ရှာဖွေစစ်ဆေးဖမ်းဆီးမှုတွေကို  မဲဆောက်မြို့ပိုင်ရဲ့ ညွှန်ကြားချက်နဲ့ ထိုင်းအာဏာပိုင်တွေက စုပေါင်းပြုလုပ်နေပါတယ်။

အောက်တိုဘာ ၂၂ ရက်က  ညနေ ၆ နာရီလောက်ကစတင်ကာ မယ်တော်တိုက်နယ် ရပ်ကွက်အမှတ်  ၁ ကနေ အမှတ် ၅ အထိ  မယ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် အင်အား  ၂၀ လောက်နဲ့ လိုက်လံစစ်ဆေးနေတာဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတွေ ပပျောက်တဲ့အထိ နှိမ်နင်းသွားဖို့ အစီအစဉ်ရှိပြီး မယ်တော်တိုက်နယ်မှာနေထိုင်တဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတွေကို  ဦးစားပေးစစ်ဆေးနေတယ်လို့ ထိုင်းအာဏာပိုင်နဲ့ နီးစပ်သူထံက သိရပါတယ်။

30 mins Ago
Up