မူးယစ်ဆေးဝါးတွေကို သင်္ဘောကုန်းပတ်ပေါ်မှာ တင်ဆောင်လာခဲ့တဲ့ ရေငုပ်သင်္ဘောတပိုင်း ရေယာဉ်ကို ကိုလံဘီယာ ရေတပ်အရာရှိတွေက ဖမ်းမိခဲ့တဲ့ ဗီဒီယိုဖိုင်ကို ကိုလံဘီယာရေတပ်က မတ် ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးအတွင်းမှာ ကိုကင်း ကလိုရိုဟိုက်ဒရိတ် ၂ ဒသမ ၆ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
သင်္ဘောကို စစ်ဆေးချိန်အတွင်း သူတို့ဟာ မူးယစ်ဆေးဝါးတင်ပို့မှုနဲ့အတူ သေဆုံးသူ ၂ ဦးရဲ့ အလောင်းတွေအပြင် လောင်စာဆီမှ အဆိပ်အတောက်ငွေ့တွေကို ရှူရှိုက်မိတာကြောင့် ကျန်းမာရေးချို့တဲ့သူ ၂ ဦးကိုလည်း တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ရေငုပ်သင်္ဘောတပိုင်း ပင်လယ်ရေယာဉ်၊ ကယ်ဆယ်ရေးသမားများ၊ ရုပ်အလောင်းတွေနဲ့ မူးယစ်မှောင်ခိုကုန်တွေကို အီကွေဒေါနယ်စပ်အနီးက ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ တူမာကိုဆိပ်ကမ်းကို ရေတပ်က စောင့်ကြပ် ပို့ဆောင်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးတင်ပို့မှုဟာ ဗဟိုအမေရိကနိုင်ငံတွေဆီ ဦးတည်သွားတာဖြစ်ကြောင်း ရေတပ်အရာရှိတွေက ပြောပါတယ်။