close

မောက္ကတော်ကျေးရွာ

close

November 6, 2021

မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊  မောက္ကတော်ကျေးရွာကို  စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ က နိုဝင်ဘာ ၅ ရက် ညနေ  ၃ နာရီလောက်မှာ  ဝင်ရောက်မီးရှို့သွားတယ်လို့ ရွာသားတွေက ပြောပါ ပါတယ်။

“စစ်ကောင်စီတပ်တွေက လူနေအိမ်တွေထဲဝင်ပြီး ဆိုင်ကယ်မီးရှို့သွားခဲ့တယ်။ လူနေအိမ် ၅ လုံးလောက် မီးလောင်သွားတယ်” လို့ ဒေသခံ ရွာသား တစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး   မောက္ကတော်ချောင်ရိုး ဒေသရှိ စနဗျင်းရွာ၊ မုတ်သာ၊ မောက်တက် စတဲ့ ကျေးရွာတွေက ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မောက္ကတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကင်းလှည့်ချိန် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ ပစ်ခဲ့တယ်။ လက်နက်အင်အား မမျှတဲ့အတွက် ကျနော်တို့တပ်တွေ ဆုတ်ခွာလာခဲ့တယ်” လို့ ပြောပါတယ်။

ဓာတ်ပုံ-မောက္ကတော် ပကဖ

11 mins Ago
Up