close

မောင်တောထွေအုပ်ဝန်ထမ်း

close

December 24, 2021

မောင်တောထွေအုပ်ဝန်ထမ်း အသတ်ခံရမှု သံသယရှိသူအချို့ကို ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အသတ်ခံလိုက်ရတဲ့ ထွေအုပ်ဝန်ထမ်းအမှုနဲ့ ပတ်သက်ပြီး ၂၄ နာရီအတွင်း သံသယရှိသူတချို့ကို ဖမ်းမိထားတယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

"ဟုတ်တယ်။ သံသယရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးနေတာ ရှိတယ်။ အခုက စစ်ဆေးနေတုန်းပါ" လို့ မောင်တောမြို့မရဲစခန်းမှူး က DVB ကို ပြောပါတယ်။

ထွေအုပ်ဝန်ထမ်းဖြစ်သူ ကိုဆန်းဌေးနိုင်ဟာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညသန်းခေါင်ကျော်အချိန် မောင်တောမြို့အမှတ် (၁) ဝင်/ထွက်စခန်းအနီးဘုတ်ဆိပ်မှာ အသတ်ခံခဲ့ရတာပါ။

အဲ့ဒီအမူကို ရာဇာသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားကာ မောင်တောမြို့ ဖေစီမွတ်ဆလင် ကျေးရွာက သံသယရှိသူ ၄ ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"အသတ်ခံရသူ ကိုဆန်းဌေးနိုင် ဖုန်းနဲ့အတူ တစ်ယောက်ကိုတေ့ာ အသေအချာ ရှာဖွေဖော်ထုတ်ထားတယ်။ နောက် ပါဝင်ပတ်သက်သူတွေကို​တော့ စစ်ဆေးနေတုန်းဖြစ်တယ်။" 

အသတ်ခံရသူမှာ မောင်တောမြို့နယ် မြင်းလွှတ်မြို့ထွေအုပ်မှ ရပ်ကျေးစာရေးတစ်ဦးလည်း ဖြစ်ပါတယ်။

16 mins Ago
Up