close

မောင်တောဒေသ

close

September 14, 2022

မောင်တောဒေသသို့ စစ်တပ်အင်အား အလုံးအရင်း တိုးချလာနေ၍ ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို စက်တာဘာ ၁၄ ရက် ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်အင်အား အလုံးအရင်း တိုးချလာနေတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံတယောက်က “ဟုတ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ကညင်ချောင်း စီးပွားရေးဇုန်ကို စစ်သားအပြည့်နဲ့ သင်္ဘော ၂ စီး ဆိုက်လာတယ်။ စစ်သားအင်အား ၆၀၀ လောက် ပါမယ်ထင်ပါတယ်။ ကညင်ချောင်းဇုန်ထဲက ကုန်သည်တွေ၊ ဘုတ်သမားတွေ၊ အလုပ်သမားတွေပါမကျန် အားလုံး နှင်ထုတ်ပါတယ်။ ဓာတ်ပုံရိုက်မှာစိုးလို့နဲ့ တူပါတယ်” လို့ ပြောပါတယ်။

မောင်တောမြို့ ကညင်ချောင်းစီးပွားရေးဇုန်မှ ကစ္ဆပနဒီ ၁၊ ကစ္ဆပနဒီ ၃ သင်္ဘော ၂ စီးနဲ့ စစ်အင်အား ၆၀၀ ကျော် အင်အားဖြည့်လာသလို နတ်မြတ်ဝ နခေါင်းတိုမှာ စစ်ဇက်သင်္ဘောကြီး ၂ စီးနဲ့ လူနဲ့ လက်နက်ရိက္ခာတွေ ဖြည့်တင်းနေပြီး ရေတပ်သင်္ဘောကလည်း လက်နက်တွေကို စက်လှေတွေနဲ့တင်ဆောင်ပြီး တောင်ပြိုအထိ ပို့ဆောင်နေတာ​ကြောင့် မောင်တောဒေသ စစ်မြေပြင်ဖြစ်လာနိုင်‌‌ကြောင်း စစ်ရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။

မောင်တောဒေသ စစ်ရေးလေ့လာသူတယောက်က “မောင်တောက စစ်မြေပြင်ဖြစ်မယ့် အနေအထား ရှိလာနေတယ်။ စစ်အင်အား ဒီလောက်အထိ အလုံးအရင်းနဲ့ တိုးချလာနေတော့ ဒေသခံတွေလည်း စိုးရိမ်မှု မြင့်လာနေတယ်။ စစ်ဘေးရှောင်တွေ များလာမယ်။ လမ်းတွေလည်း ပိတ်ထားတယ်။ စားနပ်ရိက္ခာနဲ့ လောင်စာဆီတွေ ပြတ်လာနေတယ်။ မလွယ်တော့ဘူး။ ပွဲကတော့ ကြမ်းလာကြတော့မယ်” လို့ ပြောပါတယ်။

သြဂုတ် ၃၀ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ အနီးက စစ်ကောင်စီ နယ်ခြားစောင့်စခန်းနဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ မောင်တောမြောက်ပိုင်းက စစ်ကောင်စီ ခမရ ၃၅၂ တပ်စခန်းတခုကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ကျေးရွာတွေအနီး နေ့တိုင်း ဗုံးကြဲချနေပြီး အခုတဖန် ရေလမ်းကြောင်းကနေ စစ်အင်အား အလုံးအရင်း တိုးချလာနေတာလည်း ဖြစ်ပါတယ်။

2 hours Ago

December 16, 2019

ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် မောင်တောဒေသက ရခိုင်လူငယ်များ တောင်းဆို 

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒေသခံရခိုင်လူငယ်အဖွဲ့တွေ ပူးပေါင်းပြီး မြို့တွင်း လှည့်လည်အမှိုက်ကောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု အလိုရှိတဲ့အကြောင်း တောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က ကျရောက်တဲ့ ၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အနောက်တံခါးရခိုင်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုမောင်လှကျော်က ပြောပါတယ်။ “ကျနော်တို့ တောင်းဆိုချင်တာကတော့ ငြိမ်းချမ်းရေးနဲ့ တရားမျှမှု လိုချင်ပါတယ်။ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မတရား သေကျေ ပျက်စီးသွားရတဲ့သူတွေနဲ့ မတရားညှဉ်းပန်းနှိပ်စက် ဖမ်းဆီးချုပ်နှောင်ထားသူတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက တာဝန်ခံမှု တာဝန်ယူမှု ရှိစေချင်ပါတယ်။” ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်နဲ့ အနောက်တံခါးရခိုင်လူငယ်အဖွဲ့တို့ ပူးပေါင်းကာ လူငယ် ၃၀ ကျော်က  မောင်တောမြို့တပတ် အမှိုက်ကောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလမှာ အေအေနဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး စွပ်စွဲ တရားစွဲဆိုခံရသူ ပေါင်း  ၅၀၀ ကျော်အထိ ရှိနေပါတယ်။ ကောင်းကောင်း
3 years Ago
Up