close

မောင်တော်

close

October 2, 2022

မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး သေဆုံး

မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းဟာ ဒီညနေပိုင်းက ရုံးထဲမှာ ဓားနဲ့ထိုးခံရပြီး သေသွားတယ်လို့ ဂရုဏာကွန်ရက်လူမှုကူညီရေး အသင်းက ပြောပါတယ်။

အသက် ၅၈ နှစ်အရွယ် ပညာရေးမှူးဟာ မကြာသေးခင်လပိုင်းကမှ ပြောင်းရွှေ့လာသူဖြစ်ပြီး မြို့သူကြီးရပ်ကွက်မှာရှိတဲ့ ရုံးမှာပဲ ဓားနဲ့ထိုးခံခဲ့ရတာပါ။

သူ့ကို လူမှုကူညီရေးအသင်းက ဆေးရုံပို့ပေးခဲ့ပေမယ့် အရေးပေါ်ကုသနေတုန်းမှာပဲ သေဆုံးသွားတယ်လို့ ဂရုဏာကွန်ရက်လူမှုကူညီရေး အသင်းက ဆိုပါတယ်။

ဒေသခံတယောက်ကတော့ ဆိုင်ကယ်စီးလာသူ ၃ ယောက်ဝင်လာပြီး ဓားနဲ့ထိုးတာလို့ပြောပြီး အသေးစိတ်အကြောင်းကိုတော့ မသိရသေးပါဘူး။

13 hours Ago
Up