အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ် အကျဉ်းသား ၅၇၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ အပါအဝင် အင်းစိန်ထောင်မှ ပြန်လွတ်လာသူများအား မြင်တွေ့ရစဉ်။
Photo - MPA