close

မောင်းသူမဲ့စစ်လေယာဉ်

close

March 1, 2023

သြစတြေးလျက လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့စစ်လေယာဉ်အသစ် ပြသ

သြစတြေးလျနိုင်ငံမှာ ပုံစံရေးဆွဲထုတ်လုပ်ပြီး လက်နက်တပ်ဆင်မယ့် မောင်းသူမဲ့ စစ်လေယာဉ်အသစ်ကို BAE Systems Australia နဲ့ တခြား ပြည်တွင်းထုတ်လုပ်သူတွေက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

အဗာလွန် လေကြောင်းပြပွဲမှာ မိတ်ဆက်ခဲ့တဲ့ အလျားနဲ့အနံ (၈ ဒသမ ၅ ပေ နဲ့ ၁၄ ဒသမ ၈ ပေ) အသီးသီးရှိတဲ့ စထရစ်ခ်စ် မောင်းသူမဲ့ လေယာဉ်စနစ် (UAS) ဟာ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်တွေမှာ စောင့်ကြည့် ကင်းထောက်တာတွေနဲ့ မြေပြင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နိုင်မှာပါ။

ဗြိတိန်ရဲ့ အကြီးဆုံးကာကွယ်ရေးကုမ္ပဏီ BAE Systems BAES.L က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ BAE Systems Australia ရဲ့ အမှုဆောင်အရာရှိချုပ် ဘန် ဟဒ်ဆန်က ရှေ့ပြေးပုံစံကို စလုပ်နေပြီလို့ ပြောပါတယ်။

ဩစတြေးလျနိုင်ငံအနောက်ပိုင်း ပါ့သ်မြို့အခြေစိုက် အင်နိုဗေးရိုနဲ့အတူ တီထွင်ထားတဲ့ စထရစ်ခ်စ် မောင်းသူမဲ့ စစ်လေယာဉ်ဟာ ကီလိုမီတာ ၈၀၀ ကျော် ပျံသန်းရင်း ၃၅၃ ပေါင် အလေးချိန်အထိ သယ်ဆောင်နိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်မှာပါ။ သူ့ကို သင်္ဘောပေါ်တင်တဲ့ ကုန်သေတ္တာထဲမှာ သိမ်းဆည်းနိုင်ပါတယ်။

4 mins Ago
Up