အမေရိကန်စစ်တပ်ရဲ့ မောင်းသူမဲ့ စက်ရုပ်ကားတွေကို ဂျာမနီနိုင်ငံမှာကျင်းပတဲ့ နိုင်ငံပေါင်းစုံ စစ်ရေး မဟာမိတ်ဖွဲ့ လေ့ကျင့်ရေးအတွင်း ဇွန် ၈ ရက်က ထုတ်ပြလိုက်ပါတယ်။
သရုပ်ပြရာမှာ လက်နက်တွေနဲ့ ဒရုန်းတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တိုက်ခိုက်ရေး ယာဉ်တွေအပြင် အလိုအလျောက် ပဲ့ကိုင်တယ်လို့ ယူဆရတဲ့ ထရပ်ကားတွေပါတဲ့ စစ်ဘက်ယာဉ်တန်းလည်း ပါခဲ့ပါတယ်။
ကင်းထောက်လုပ်ငန်းအတွက် သုံးရာမှာ မောင်းသူမဲ့ စက်ရုပ်ယာဉ်တွေက ဘယ်လို အကျိုးရှိနိုင်သလဲဆိုတာ အမေရိကန် တပ်မတော် အရာရှိတယောက်က ရှင်းပြခဲ့ပါတယ်။
မောင်းသူမဲ့ယာဉ်တွေကို ရှေ့တန်းဆီ ပို့နိုင်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ပြီး တခြားတင့်ကားတွေဆီက အထောက်အထားကို ရယူနိုင်သလို စစ်မြေပြင်က အခြေအနေ အရပ်ရပ်ကို ပိုကောင်းကောင်း သတိထားနိုင်တယ်လို့ ပထမတန်း တပ်ကြပ်ကြီး ဂျော်ရွှာ ဒေ ပယ်မာက ပြောပါတယ်။
အဆိုပါမောင်းသူမဲ့ယာဉ်တွေကို အမေရိကန်စစ်တပ် ဥရောပနဲ့ အာဖရိက စစ်ရေးလေ့ကျင့်ပွဲတွေရဲ့ အစိတ်အပိုင်းအဖြစ် ဇွန် ၁၉ ရက်ထိ ဆက်လက်ပြသထားမှာဖြစ်ပါတယ်။