close

မော်ဒိုက်သမ္မတဟောင်း

close

December 27, 2022

မော်ဒိုက်သမ္မတဟောင်း ထောင်ဒဏ် ၁၁ ချမှတ်ခံရ

မော်လ်ဒိုက်သမ္မတဟောင်း အဗ်ဒူးလာယာမင်းဟာ အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးခဝါချမှု စွဲချက်တွေကြောင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရတဲ့အပေါ် တတ်နိုင်သမျှ အမြန်ဆုံး အယူခံ ဝင်မယ်လို့ သူ့ရှေ့နေက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် အတိုက်အခံ မော်လ်ဒိုက်တိုးတက်ရေးပါတီ (PPM) ကိုယ်စားလှယ်လောင်း ယာမင်းကို မော်လ်ဒိုက်ရာဇ၀တ်တရားရုံးက ဒီဇင်ဘာ ၂၅ ရက်မှာ အမိန့်ချမှတ် ပြီးတဲ့နောက် စီရင်ချက်စတင်ဖို့ ဒီဇင်ဘာ ၂၅ ရက်မှာ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။ 

အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယာမင်းကတော့ ဘယ်လို အမှားအယွင်းကိုမဆို ငြင်းဆိုထားပြီး အရင်က တခြားနိုင်ငံရေးသမားတွေကို အကျဉ်းချလေ့ရှိတဲ့ အထူးအကျဉ်းစခန်းမှာ သူ့အချိန်ကို ထမ်းဆောင်မှာပါ။ 

၂၀၁၈ ခုနှစ်မှာ အာဏာဆုံးရှုံးခဲ့တဲ့ ယာမင်းဟာ ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် ပါတီရဲ့ သမ္မတလောင်းအဖြစ် ဆက်ရှိနေမယ်လို့ PPM ပါတီက ပြောခဲ့ပါတယ်။

8 mins Ago
Up