close

မော်ဒိုဘာ

close

May 11, 2022

ကုလအတွင်းရေးမှူးချုပ် မော်ဒိုဘာနိုင်ငံ သွားရောက်ခဲ့ပြီး ယူကရိန်းဒုက္ခသည်များနှင့် တွေ့ဆုံ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ မနေ့က မော်ဒိုဘာနိုင်ငံမြို့တော် ခစ္စနိုမြို့ကို သွားရောက်ခဲ့ပြီး ယူကရိန်းဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ဂူတာရက်စ်ရဲ့ မော်ဒိုဘာနိုင်ငံဆီ ဒုတိယမြောက် ခရီးစဉ်လည်းဖြစ်ပြီး ဒုက္ခသည်တွေက စစ်အတွင်း သူတို့ကြုံခဲ့ရတာတွေကို ပြန်ပြောတာကို နားထောင်ရင်း စိတ်မကောင်းဖြစ်ရတယ်လို့ ဂူတာရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။

“မြို့တွေပေါ် ဗုံးတွေကျတဲ့အကြောင်း၊ သူတို့အိမ်ဝင်းထဲ ဗုံးတွေကျလာတဲ့အကြောင်း ဒုက္ခသည်တွေ ပြောပြတာတွေကို ကြားရတဲ့အခါ စိတ်မထိခိုက်ဘဲ မနေနိုင်ပါဘူး။ လူတွေဟာ အားလုံးကို စွန့်လွှတ်ခဲ့ကြရတယ်။ အမျိုးသားတွေက စစ်တိုက်နေရလို့၊ မိသားစုထဲတွေလည်း တကွဲတပြားစီ ဖြစ်ရတယ်။ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ စစ်ရဲ့ အနိဌာရုံတွေပါ။”

ယူကရိန်းအရေးကို စစ်ရေးနည်းလမ်းနဲ့လည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။ စစ်ကိုရပ်ပြီး နိုင်ငံတကာ ဥပဒေကို လိုက်နာဖို့သာ အဓိကကျတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ စာရင်းအရ မော်ဒိုဘာမှာ ယူကရိန်းဒုက္ခသည် လေးသိန်းခွဲ ရှိနေပါတယ်။ မော်ဒိုဘာနိုင်ငံကိုယ်တိုင်က စီးပွားရေးအခက်အခဲ ကြုံနေတဲ့နိုင်ငံဖြစ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီပေးကြဖို့ ဂူတာရက်စ်က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

2 mins Ago
Up