close

မော်ပုံကျေးရွာ

close

September 14, 2022

ဖားကန့် မော်ပုံကျေးရွာရှိ နေအိမ်ဆိုင်ခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ် စီးနင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်ပုံကျေးရွာမှာ စက်တင်ဘာ ၁၄ ရက် မနက် ၄ နာရီလောက်က စစ်ကောင်စီတပ်က နေအိမ်ဆိုင်ခန်းတစ်ခုကို ဝင်ရောက်စီးနင်း ပစ်ခတ်တာကြောင့် နေအိမ်ဆိုင်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

လုံးခင်းကျွေးရွာသားတဦးက “မနက်အစောကြီး သေနတ်သံတွေကြားရတယ်၊ လက်နက်ကြီးအသံတွေကောကြားရတယ်။ အခုမနက်ကြားရတာက PDF ခေါင်းဆောင်ကို ဝင်ဖမ်းတယ်လည်းပြောတယ်၊ အိမ်မှားပြီး ဝင်ဖမ်းတယ်လို့လည်း ပြောနေတယ်။ ဝင်ဖမ်းတဲ့အိမ်တော့ မီးလောင်သွားပြီးပြောတယ်၊ နှစ်ယောက်ပါသွားတာတဲ့။ ဘယ်သူဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက စစ်ကား ၇ စီးနဲ့လာရောက်ပြီး အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။

ဝင်ရောက်စီးနင်းခံရတဲ့ နေအိမ်ဆိုင်ခန်းဟာ ကုဋေဦးလို့အမည်ပေးထားတဲ့  ကုန်စုံဆိုင်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်ကလည်း  မော်ပုံကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတယောက်နဲ့ လူငယ် သုံးယောက်ကို  လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်း မော်ပုံရွာမှာ PDF တွေရှိတယ်ဆိုတာကြောင့် စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်း မယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပြီးနောက်  ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

27 seconds Ago
Up