close

မော်လမြိုင်ကျွန်းမြို့နယ်

close

December 16, 2022

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီထောက်ခံသူတွေ ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက်  ဒေသခံရွာသား   ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဆင်မဝဲချောင်းရွာက ပျူစောထီး သားအမိနဲ့ ကျွန်းကြီးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတို့ ဒီဇင်ဘာပထမပတ်အတွင်း ပစ်ခတ်ခံရပြီးနောက်  ခုလို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ ဒေသခံ တဦးက "တပတ်အတွင်း ပစ်ခတ်မှုရော၊ ပေါက်ကွဲမှုရော ဖြစ်တာ။ ဆင်မဝဲချောင်းက ပျူစောထီးခေါင်းဆောင်သားအမိ  ပစ်ခတ်ခံရတယ်။ ကျွန်းကြီး ရာအိမ်မှူးအိမ်က ဗုံးခွဲခံရတယ်။ ဒီတခါ အဖမ်းခံရတာ အယောက် ၃၀ လောက် ရှိတယ်။ လယ်သမားတွေရော အန်အယ်လ်ဒီဝန်းရံသူတွေရော ရဲစခန်းမှာ ဖမ်းထားတာ ပြန်မလွှတ်သေးဘူး"လို့ ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်က ဆင်မဝဲချောင်းကျေးရွာ ပျူစောထီးခေါင်းဆောင်လို့ ဒေသခံတွေက ပြောတဲ့ မင်းမင်းနဲ့ သူ့ရဲ့မိခင် ပစ်ခတ်ခံခဲ့ရကာ ဒီဇင်ဘာ ၈ ရက်မှာ ကျွန်းကြီးရွာ ရာအိမ်မှူး မြင့်စိုးအိမ် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အခုလို ပစ်ခတ်မှုနဲ့ ဗုံးဖောက်ခွဲမှုတွေကို မော်လမြိုင်ကျွန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့  Eagle Guerilla Force အဖွဲ့က  လုပ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

13 mins Ago

October 6, 2022

မော်လမြိုင်ကျွန်းမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာ အောက်တိုဘာ ၅ ရက် ညနေပိုင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး ဒေသခံတွေက ပြောပါတယ်။

အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးခင်မောင်ကြည်ဟာ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ်  အမည်မသိ သေနတ်သမားအဖွဲ့က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “အုပ်ချုပ်ရေးမှူးက လက်ဖက်ရည်ဆိုင် ထိုင်နေတာ။ အဲဒါကို သေနတ်နဲ့ နှစ်ချက်ပစ်သွားတယ်။ ပွဲချင်းပြီး သေတယ်။ ဘယ်သူပစ်တာလဲ ဆိုတာတော့ ကျနော်လည်း မသိဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်ဟာ   စစ်ကောင်စီ ဒေါက်တိုင် သတင်းပေး ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ဧရာဝတီတိုင်းစစ်ဒေသခွဲရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်အဖွဲ့၊ ဘိုကလေး PDF နဲ့ မော်ကျွန်း ပကဖ အဖွဲ့တို့ ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့တာလို့ ဧရာဝတီ လင်းပိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

2 months Ago
Up