close

မော်လမြိုင်တက္ကသိုလ်ဆရာ၊ ဆရာမ

A d v e r t i s e m e n t With Us

close

May 25, 2021

မော်လမြိုင်တက္ကသိုလ်ဆရာ၊ ဆရာမ ‌၁‌၅၅ ဦး ရာထူးမှ ထုတ်ပယ်ခံရ

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဟာ မော်လမြိုင်တက္ကသိုလ်က ဆရာ၊ဆရာမ ‌၁၅၅ ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။

ရာထူးမှ ထုတ်ပယ်လိုက်ခံရတဲ့ ဆရာ၊ဆရာမ ‌‌၁၅၅ ဦးဟာ ပြီးခဲ့တဲ့လက တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသူတွေ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ဆရာမတွေကို  အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ခွင့်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ မေလ ၂၁ ရက်နေ့မှာ ရာထူးမှ ထုတ်ပယ် လိုက်တာ ဖြစ်ပါတယ်။

ရာထူးမှ ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ ပါမောက္ခ‌(ဌာနမှူး)တွေ၊ ပါမောက္ခ‌တွေ၊ ကထိက‌‌တွေနဲ့ လက်ထောက်ကထိကအဆင့်တွေဖြစ်တဲ့ အရာထမ်း ဝန်ထမ်းတွေ ဖြစ်ပါတယ်။

20 seconds Ago
Up