close

မော်လမြိုင်လူငယ်

close

May 27, 2021

စစ်အာဏာရှင်ကို နေ့စဉ်တော်လှန်ပေးကြရန် မော်လမြိုင်လူငယ်များ တိုက်တွန်း

မွန်ပြည်နယ်၊ မော်လမြိုင်လူငယ်တွေဟာ မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ်ပြုလုပ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်ခဲ့တဲ့ လူငယ်တွေက နေ့စားဝင်လုပ်တဲ့ ကျောင်းဆရာ၊ဆရာမ‌တွေကို ကန့်ကွတ်ရူတ်ချခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကို နေ့စဉ် ရက်ဆက်တော်လှန်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မော်လမြိုင်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဟာ ဆန္ဒပြပြည်သူတွေ နေ့ရောညပါ ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

2 mins Ago

May 10, 2021

မော်လမြိုင်လူငယ်များ စစ်အာဏာရှင်ကို ဆက်လက်ဆန္ဒပြ

မွန်ပြည်နယ်၊ မော်လမြိုင်လူငယ်တွေဟာ မေလ ၁၀ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကတော့ သူတို့ မျိုးဆက်မှာ စစ်အာဏာရှင် အမြစ်ပြတ်ရမယ်လို့ ကြွေးကြော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မော်လမြိုင်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ ဆန္ဒပြပြည်သူတွေအပြင် အပြစ်မဲ့ပြည်သူတွေကို နေ့ရောညပါ ဝင်ရောက် ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ဒါအပြင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ မြို့ပေါ်ရပ်ကွက်နေရာ အများစုမှာ လုံခြုံရေး ယူလာသလို ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

2 weeks Ago
Up