close

မော်လမြိုင် NLD အမတ်

close

March 29, 2022

မော်လမြိုင် NLD ပါတီအမတ် ကျန်းမာရေး အာမခံ ပယ်ချခံရ

အကျဉ်းထောင်ထဲမှာ နှလုံးရောဂါခံစားနေရတဲ့ ဖမ်းဆီးခံ မော်လမြိုင် NLD ပါတီအမတ် ဒေါ်နွယ်နွယ်အောင်ရဲ့ ကျန်းမာရေး အာမခံလျှောက်ထားမှု ပယ်ချခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်နွယ်နွယ်အောင် နှလုံးရောဂါ ခံစားနေရတာကြောင့် ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ ရုံးချိန်းမှာ သူရဲ့ ရှေနေ့အဖွဲ့က ကျန်းမာရေး အာမခံ လျှောက်ထားခဲ့ပါတယ်။

ကျန်းမာရေး အာမခံ လျှောက်ထားမှုကို ဒီကနေ့ မတ်လ ၂၉ ရက်‌နေ့ ရုံးချိန်းမှာ မော်လမြိုင်မြို့နယ်တရားရုံးက ပယ်ချလိုက်တာပါ။

မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ထားတာပါ။

ဒေါ်နွယ်နွယ်အောင်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ (က) အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ထိဖြစ်စေ ငွေဒဏ်ပါ ချမှတ်ခံရနိုင်ပါတယ်။

တရားလွှတ်တော် ရှေနေ့တဦးလည်းဖြစ်တဲ့ NLD ပါတီအမတ် ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။

5 mins Ago

March 11, 2022

ဖမ်းဆီးခံမော်လမြိုင် NLD အမတ် အကျဉ်းထောင်ထဲ ကျန်းမာရေးမကောင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်ဟာ အကျဉ်းထောင်ထဲမှာ နှလုံးရောဂါ ခံစားနေရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ချုပ်နှောင်ထားတာပါ။

စစ်ကောင်စီက ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) နဲ့ အမှုဖွင့်ထားတာပါ။

ဒေါ်နွယ်နွယ်အောင် နှလုံးရောဂါ ခံစားနေရတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ ရုံးချိန်းမှာ ရှေ့နေအဖွဲ့က အာမခံလျှောက်ထားခဲ့ပြီး စစ်ကောင်စီ တရားသူကြီးက လာမယ့်ရုံးချိန်းမှာ အာမခံ ပေး မပေး အမိန့်ချမှတ်ဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

NLD ပါတီအမတ် ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌလည်း ဖြစ်သလို ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တဦးလည်း ဖြစ်ပါတယ်။

3 weeks Ago
Up