close

မော်လိုက်တိုက်ပွဲ

close

October 1, 2022

မော်လိုက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိစစ်သည်များကျဆုံးပြီး လက်နက်များ သိမ်းဆည်းခံရ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တွန်းပင်ရွာအနီးမှာ စက်တင်ဘာ ၃၀ ရက် မနက် ၇ နာရီလောက်က မော်လိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့  စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက် အရာရှိ ၂ ယောက်နဲ့ တပ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က  ဗိုလ်ကြီး ၁ ယောက်နဲ့   ဒုဗိုလ် ၁ ယောက်အပါအဝင် တပ်သား ၈ ယောက်လောက် သေဆုံးခဲ့ပြီး MA-3 ၁ လက်၊ MA-2 ၂ လက်၊ ကာဗိုင် ၂ လက်၊ စက်လတ် ၁ လက်၊ တစ်ထောင့်ထိုး ၂ လက်၊ ဗုံးသီး ၃ လုံး၊ MA-3 ကျည်ဘောက် ၁၇ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲမှာ မော်လိုက်မြို့က ပျူစောထီးခေါင်းဆောင်တယောက်လည်း  အပြင်းအထန် ဒဏ်ရာ ရသွားပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့‌တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်အပါအဝင် ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့  စစ်ကောင်စီဘက် သတင်း ထုတ်ပြန်တာမရှိသေးသလို  ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည် မပြုနိုင်သေးပါဘူး။

6 mins Ago
Up