close

မော်လိုက်နှင့် ဂန့်ဂေါမြို့

close

July 15, 2021

မော်လိုက်နှင့် ဂန့်ဂေါမြို့အနီး မြေငလျင်များလှုပ်ခတ်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့တွေအနီးမှာ ဇူလိုင် ၁၅ ရက် ဒီမနက် အစောပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် ၂ ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၃ နာရီ  ၄ မိနစ်ကျော်လောက်မှာ  ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၅၄ မိုင်ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း မော်လိုက်မြို့ရဲ့  အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ၊ အနက် ၇၄ ကီလိုမီတာကို ဗဟိုပြုပြီး  အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်သွားတယ်လို့ ဆိုပါတယ်။

အလားတူ ဒီနေ့မနက် ၂ နာရီ၊ မိနစ် ၄၀ ၊ ၅၂ စက္ကန့် အချိန်မှာ ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၃၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း ဂန့်ဂေါမြို့ရဲ့ မြောက်ဘက် ၁၉ မိုင်ခန့်အကွာ ၊ အနက် ၁၄ ကီလိုမီတာကို ဗဟိုပြုပြီး  အင်အား ရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်သွားတယ်လို့လည်း မိုးဇလက ထုတ်ပြန် ထားပါတယ်။

အဆိုပါ မြေငလျင်လှုပ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။ 

6 mins Ago
Up