close

မော်ဟန်ရဲစခန်း

close

February 3, 2022

မိုးညှင်းမြို့နယ် မော်ဟန်ရဲစခန်းကို KIA နှင့် PDF ပူးပေါင်းသိမ်းပိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာက ရဲစခန်းကို   ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

မော်ဟန်ရဲစခန်း တိုက်ခိုက်ခံရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ကျန်ရှိ ရဲတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနက် (၃)  နာရီ လောက်က KIA နဲ့ PDF တွေ လာသိမ်းတာ။ သေနတ်တွေကတော့ တဒိုင်းဒိုင်းနဲ့ကိုပစ်တာ။ နှစ်နာရီလောက်ကြာတယ်။ ရဲအကြီးပိုင်းထဲက နှစ်ယောက် သေတယ်။  စခန်းမှူးနဲ့ တပ်ကြပ်လို့လည်း ကြားတယ်။ ကျန်တဲ့သူတွေကိုတော့ ဖမ်းသွားတယ်။ လက်နှက်တွေလည်းသိမ်းပြီး စခန်းကိုလည်း မီးရှို့သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မော်ဟန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ပိုက်ဆံတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါ်ရီ ၁ ရက်နေ့မှာလည်း ကချင်ပြည်နယ် ပူတာအိုမြို့နယ်  ဆွမ်ပီယာန်ကျေးရွာရှိ  စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နဲ့ PDF တို့ သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

3 mins Ago
Up