close

မဲဆောက်မြို့နယ်

close

February 2, 2022

မဲဆောက်မြို့နယ်တွင် လက်နက်နှင့် မူးယစ်ဆေးများဖမ်းဆီးရမိ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း တာခ်ရိုင်၊ မဲဆောက်မြို့နယ်မှာ လက်နက်၊ မူးယစ်ဆေးနဲ့ တရားမဝင်သစ်တချို့ကို  ဖေဖေါ်ဝါရီ ၂ ရက်က ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးရမိကြောင်း  မဲဆောက်အခြေစိုက် ထိုင်းသတင်းဌာနက ရေးသားဖော်ပြပါတယ်။

ထိုင်းပြည်သူရဲ့ သတင်းပေးပို့ချက်အရ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်စပ်ရဲနဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ တာဝန်ရှိသူတွေက ပူးပေါင်းဝင်စစ်ဆေးရာ ခြံဝင်းတခုထဲမှာ ကျည်ထဲ့ထားတဲ့  AK ၄၇ သေနတ် တစ်လက်၊ စိတ်ကြွမူးယစ်ဆေး ၂၃၀၀၀ လုံး၊ ဘိန်းဖြူ  ၁၉၃ ဒသမ ၃ ဂရမ်နဲ့  တရားမဝင်သစ် တချို့ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့တာပါ။ 

အဆိုပါ ခြံဝင်းမှာ နေထိုင်သူကတော့ တိမ်းရှောင်လွတ်မြောက်သွားပြီး  မော်တော်ဆိုင်ကယ်တစ်စီးပါ  သိမ်းဆီးရမိတဲ့အတွက်  ဆိုင်ကယ်လိုင်စင် ကနေ ကွင်းဆက်ကိုစုံစမ်းကာ တရားခံကို ရှာဖွေဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်မယ်လို့ မဲဆောက်မြို့ရဲမှူးကြီးက ပြောပါတယ်။

1 min Ago
Up