close

မဲဆောက်မြို့

close

April 18, 2023

မဲဆောက်မြို့တွင် မြန်မာအလုပ်သမား ၁ ဦး ပစ်သတ်ခံရ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီတဖက်ကမ်း မဲဆောက်မြို့မှာ ခြံစောင့်မြန်မာအလုပ်သမား တယောက်ကို မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက်က သေနတ်နဲ့ ပစ်သတ်ခဲ့လို့ ထိုင်းရဲက သံသယရှိတဲ့ တရားခံတွေကို  နေ့တွင်းချင်း ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။

ဧပြီ ၁၇ ရက် မနက် အစောပိုင်းက ဘန်ဂလိုအစောင့် အသက် ၄၂ နှစ်အရွယ် ကိုအေးမင်းသန့်ကို မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက်က သေနတ်အတိုနဲ့ ပစ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာကို စီစီတီဗွီမှာ မြင်တွေ့ရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မဲဆောက်မြို့ ရဲမှူးကြီးမွန်းစပ် ကယောက်အွန်ရဲ့ ညွှန်ကြားချက်နဲ့ တရားခံတွေရဲ့အိမ်ကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေပုံစံနဲ့ သွားရောက်စစ်ဆေးရာ မတွေ့ရှိလို့ ဖုန်းခြေရာခံ နည်းပညာနဲ့ ဆက်လက်ရှာဖွေရာမှာ မဲဆောက်မြို့တနေရာမှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူရဲ့ ပုန်းအောင်းနေတဲ့နေရာကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် ပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘဲ ဖမ်းမိထားသူကိုတော့ မဲဆောက်မြို့မရဲစခန်းမှာ စစ်ဆေးအမှုဖွင့်ကာ တရားဥပဒေအတိုင်းရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

15 hours Ago

December 27, 2022

မဲဆောက်မြို့တွင် တိုင်းရင်းသားစုံညီပွဲတော်ကျင်းပ (ဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ်၊  မဲဆောက်မြို့၊ မယ်တော်ရွာမှာ  တိုင်းရင်းသားစုံညီပွဲတော်နဲ့ ထိုင်းယိုင် (ရှမ်း) နှစ်သစ်ကူးပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ၂ ရက်တိုင် ကျင်းပနေပါတယ်။ 

တိုင်းရင်းသားစုံညီပွဲမှာ ရှမ်း၊ ကရင်၊ ပအိုဝ်း၊ မြန်မာ၊ လားဟူနဲ့ မွန် စတဲ့ တိုင်းရင်းသားတွေနဲ့ မဲဆောက်ရောက် ရွှေ့ပြောင်းလုပ်သားတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ရာဟု ထမနဲထိုးပွဲနဲ့ မြန်မာရိုးရာ ခြင်းအလှခတ်ပွဲ၊ ချောတိုင်တက်ပွဲနဲ့ တခြားအားကစား ပြိုင်ပွဲတွေကိုလည်း ကျင်းပသွားပါတယ်။

မယ်တော်ရွာ တိုင်းရင်းသားပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၂ နှစ်ကြာ ရပ်နားထားရာက  အခုနှစ် ဒီဇင်ဘာလလမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။

4 months Ago
Up