ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ တရားမဝင် မူးယစ်ဆေးဝါးနဲ့ မှုခင်းတွေကို ရှင်းလင်းနိမ်နင်းဖို့ မဲဆောက်မြို့ရဲစခန်း ရဲမှူးကြီး နိုင်းမွန်းစပ်ကယောက်အွန်က ညွှန်ကြားလိုက်တဲ့ အကြောင်း ထိုင်းအခြေစိုက် AEC ASEAN သတင်းမှာဖေါ်ပြပါတယ်။
မဲဆောက်မြို့ရဲစခန်းမှာ မတ်လ ၁ ရက် ဒီနေ့မနက်က ရဲတပ်ဖွဲ့ဝင်တွေကို မဲဆောက်မြို့ရဲမှူးကြီး နိုင်းမွန်းစပ်က ညွှန်ကြားသွားတာလို့ ဆိုပါတယ်။
မဲဆောက်မြို့ဟာ အိမ်နီးချင်းနိုင်ငံနဲ့ နီးစပ်တဲ့အခါ လူမျိုးပေါင်းစုံ နေထိုင်ကြတာဖြစ်တယ်။ ဒါကြောင့် တရားမဝင်မှုခင်းတွေက နည်းမျိုးစုံနဲ့ပေါ်ထွက်လာတတ်ပြီးတော့ နယ်မြေလှည့်ကင်း အထူးနိမ်နင်းရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာရဲတာဝန်ရှိတွေကို မိမိကျရာတာဝန်တွေ၊ မှူးယစ်ဆေးနဲ့ တရားမဝင်မှုခင်းတွေကို ရှင်းလင်း နိမ်နင်းဖို့ ပြောသွားတာဖြစ်ပါတယ်။
လတ်တလော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အပါအဝင် တာခ်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေလည်း နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။