ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှိဒဟာ ဂျပန်နိုင်ငံအနောက်တောင်ဘက် Wakayama City မြို့ ငါးဖမ်းဆိပ်ကမ်းမှာ ရွေးကောက်ပွဲအတွက် မိန့်ခွန်းပြောဖို့ သွားရောက်ခဲ့စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သံသယရှိသူ အသက် ၂၄ နှစ်အရွယ် ဂျပန်လူမျိုးအမျိုးသားတဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။
ဂျပန်ဝန်ကြီးချုပ် ခီရှိဒ ကတော့ ပေါက်ကွဲမှုမဖြစ်ခင် လုံခြုံရေးအရာရှိတဦးက ကာကွယ်ပေးလိုက်တာကြောင့် ထိခိုက်မှုတစုံတရာမရှိဘဲ စီစဉ်ထားတဲ့ ရွေကောက်ပွဲ မဲဆွယ်မိန့်ခွန်းတွေ လိုက်လံပြောကြားခဲ့ပါတယ်။
Hyogo စီရင်စု Kawanishi မြို့မှ ယူဂျီ ခိမူရာ ဆိုသူဟာ ဂျပန်ဝန်ကြီးချုပ် မိန့်ခွန်းမစမီ လက်လုပ်ဗုံးလို့ ယူဆရတဲ့ ပိုက်လုံးသဏ္ဌာန်ကို ပစ်ပေါက်ခဲ့တာဖြစ်ပြီး အနီးနားရှိ ရဲအရာရှိတွေရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
အဆိုပါအမျိုးသားအား ငါးဖမ်းဆိပ်ကမ်းအနီး Wakayama Nishi ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု ဩဂုတ် ၂၂ ရက်ကလည်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ရွေးကောက်ပွဲအတွက် မဲဆွဲနေစဉ် အကြမ်းဖက်သမားတဦးရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
ဇော်ဇော်လှိုင်