close

မဲဇလီကုန်း

close

May 28, 2021

မဲဇလီကုန်းတွင် CDM ဆရာမ ၁ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီး

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမှာ CDM ပြုလုပ်ထားတဲ့ ဆရာမ ဆုရတီထွန်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက မေလ ၂၆ ရက်နေ့မှာ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့ကနေ မဲဇလီကုန်နေအိမ်ကို ရောက်ရှိနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက လာရောက်ပြီး လက်ထိတ်ခတ်ဖးဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ဆရာမအား ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားပြီး ဘယ်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ ဆရာမ ဆုရတီထွန်းက လမ်းတလျှောက် စစ်အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ပြီး လိုက်ပါသွားတာလို့ သိရပါတယ်။

CDM ပါဝင်လို့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တဲ့ EDC အပတ်စဥ် ၂၂ က ဖြစ်ပြီး ရွာကို ခေတ္တပြန်လာချိန်မှာ စစ်ဆေးစရာရှိလို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

7 mins Ago

February 18, 2021

ဖမ်းဆီးခံမဲဇလီကုန်း ဆရာဝန်နှင့် အဆက်သွယ်မရ၊ ပြန်လွှတ်ပေးရန် အင်အား ၅၀၀၀ ကျော် ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့က အဖမ်းခံထားရတဲ့ ဆရာဝန်ကို ၇ ရက်မြောက်ရှိနေပေမဲ့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

မဲဇလီကုန်းမြို့၊ ပြည်သူ့ဆေးရုံက ဆရာဝန်ကို ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ကနေအိမ်မှာ လူနာကို ဆေးကုသနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဖမ်းဆီးသွားချိန်ကစပြီး ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဆရာဝန်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

မဲဇလီကုန်းမြို့ ဖမ်းဆီးသွားတဲ့ဆရာဝန်ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့မနက်  လူအင်အား ၅၀၀၀ ကျော် အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ထွေအုပ်ရုံးတို့အနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေ လုံခြုံရေးစည်းနဲ့ ၁၅ ပေက ပြသဖို့၊ ဖမ်းဆီးထားတဲ့ ဆရာဝန်ကို သူတို့လည်း ဘယ်မှာဖမ်းဆီးထားတယ် မပြောနိုင်ကြောင်းနဲ့ ၁၂ နာရီကျော်ပါက လူစုခွဲပေးဖို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တယ်လို့ ဆန္ဒပြဦးဆောင်သူတစ်ဦးက ပြောပါတယ်။

ဆရာဝန်ကို ဘယ်မှာထားတယ်၊ ဘယ်ဥပဒေနဲ့ တရားစွဲဆိုထားတယ်ဆိုတာကို မြို့နယ်တာဝန်ရှိသူတွေ့က တစုံတရာ ပြောဆိုခြင်းမရှိသေးပါဘူး။

3 months Ago
Up