close

မဲပေးရွေးချယ်

close

July 21, 2022

သီရိလင်္ကာ သမ္မတသစ်အဖြစ် ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ကို မဲပေးရွေးချယ်

ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ကို သီရိလင်္ကာရဲ့ သမ္မတသစ်အဖြစ် မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ဇူလိုင် ၂၀ ရက်မှာ သမ္မတရုံးအပြင်ဘက်မှာ ဆန္ဒပြသူတွေ ငြိမ်နေခဲ့ကြပါတယ်။

လအတော်ကြာအောင် လောင်စာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ  ဆိုးဆိုးရွားရွား ပြတ်တောက်ပြီးတဲ့နောက်  ပြည်သူတွေက အာဏာရ ရေပေါ်ဆီတွေကို ဒေါသထွက်ခဲ့ပေမဲ့ ခြောက်ကြိမ်တိုင်တိုင် ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသူ ဝစ်ကရာမန်ဆင်းဂ်က  လွှတ်တော်ထဲမှာ အမတ် ၂၂၅ ဦးရှိတဲ့အထဲက ထောက်ခံမဲ ၁၃၄ မဲ ရရှိခဲ့ပါတယ်။

“ဝမ်းနည်းစရာနေ့တစ်နေ့လို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ရွေးကောက်ပွဲမှာ မနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ သူက ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်အရပယ်ချခံခဲ့ရတဲ့ သူတစ်ယောက်ပါ” လို့ သမ္မတရုံး လှေကားထစ်တွေမှာ  စုဝေးနေတဲ့ လူ ၁၀၀ လောက်ကို ဆန္ဒပြသူ ဘူဝါနာခါ ပေရေရာက ပြောပါတယ်။

"ကျနော်တို့ နောက်ပြန်ဆုတ်မှာမဟုတ်ဘူး”လို့ တက်ကြွလှုပ်ရှားသူ ခါဆုမိ ရာနာဆင်းက ပြောပါတယ်။

သီရိလင်္ကာသမ္မတရုံးကို ဇူလိုင်လအစောပိုင်းက ဆန္ဒပြသူ လူပင်လယ်ကြီးက ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီအချိန်က သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ခ်ဆာကို  နှင်ထုတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဝစ်ကရာမန်ဆင်းဂ်ဟာ ဉာဏ်များပြီး နိုင်ငံရေးပါးဝတဲ့သူလို့ ကျော်ကြားတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး ရာဂျာပက်ဆာ မိသားစုနဲ့ နီးစပ်သူအဖြစ် ရှုမြင်ခံထားရပါတယ်။

“ကျနော်တို့နိုင်ငံဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရလို့ ပြည်သူတွေရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ မဟာဗျူဟာအသစ်တွေကို လုပ်ရမှာပဲ” လို့ အသက် ၇၃ နှစ် အရွယ် ဝစ်ကရာမန်ဆင်းဂ်က သူ့အောင်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

2 mins Ago

July 25, 2020

ကစားသမားအချင်းချင်း မဲပေးရွေးချယ်သည့် PFA ဆု ကြေညာမည့် ရက်ရွှေ့ဆိုင်း

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအစည်းအရုံးက ချီးမြှင့်တဲ့ PFA အကောင်းဆုံး ကစားသမားဆု ကြေညာမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။  မူလက သောကြာနေ့မှာ ဆုရတဲ့ ကစားသမားကို ကြေညာဖို့ရှိပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရွေးချယ်ဖို့ နောက်ကျခဲ့ရတာလို့ သိရပါတယ်။  အားကစားကလောင်ရှင်တွေက ရွေးချယ်ချီးမြှင့်ခဲ့တဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ရရှိခဲ့ပြီး သောကြာနေ့က ဆုလက်ခံရယူခဲ့ပါတယ်။  PFA ဆုရသူ ကြေညာဖို့ ရွှေ့ဆိုင်းခဲ့ပေမယ့် အကောင်းဆုံး ရွေးချယ်မှုဖြစ်စေဖို့ ဆက်လက် လုပ်ဆောင်နေပြီး မကြာခင်မှာ ကြေညာပေးမယ်လို့ PFA တွစ်တာစာမျက်နှာကနေ အသိပေးခဲ့ပါတယ်။ အခုနှစ် PFA ဆုကို လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ပဲ ရရှိမယ်လို့ သတင်းထွက်နေပြီး မန်စီးတီးက ဒီဘရိုင်း၊ လီဗာပူးက မာနေးတို့လည်း ရရှိနိုင်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က PFA အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ရရှိခဲ့ပါတယ်။
2 years Ago
Up