close

မဲရလဒ်

close

September 27, 2021

ဂျာမနီရွေးကောက်ပွဲ၌ ပါတီကြီး ၂ ခု မဲရလဒ်တူနေ

ဂျာမနီနိုင်ငံမှာ စက်တင်ဘာ ၂၆ ရက်အထိ ရွေးကောက်ပွဲ ခန့်မှန်းမဲရလဒ်တွေအရ CDU နဲ့ SPD ပါတီတို့က မဲတန်းတူနီးပါး ရနေပြီးတဲ့နောက် အစိုးရသစ်ဖွဲ့ဖို့ ပူးပေါင်းနိုင်ခြေရှိတဲ့ Free Democrats ပါတီ (FDP) ဟာ ဂရင်းပါတီကို ချီးမွမ်းပြောဆိုလိုက်ပါတယ်။

ဂရင်းပါတီကို ထောက်ခံသူတွေ တိုးလာတာ မှတ်လောက်သားလောက်ပဲလို့ (FDP) ပါတီ ခေါင်းဆောင် ခရစ်စယံလင်ဒ်နာက ထောက်ခံသူတွေကို ပြောပါတယ်။

CDU နဲ့ SPD ပါတီတွေ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ့် အခြေအနေကို ဂေဟစနစ် ပညာရှင်တွေ ဖြစ်တဲ့ ဂရင်းပါတီဟာ FDP ပါတီလိုပဲ ဆန့်ကျင်တယ်လို့လည်း သူက ပြောပါတယ်။

လင်ဒ်နာက “အရင်ရွေးကောက်ပွဲနဲ့ နှိုင်းစာရင် ညွန့်ပေါင်းဖွဲ့ခဲ့တဲ့ ပါတီတွေဟာ ဘယ်လို အကျိုးအမြတ်ကိုမှ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် လက်ရှိ ဆက်လုပ်နိုင်ဖို့ကလည်း ဂျာမနီမှာ မဖြစ်နိုင်ဘူး။ အခုအချိန်ဟာ အစသစ်တရပ်ကို စတင်ဖို့ အချိန်ပဲ” လို့ ပြောပါတယ်။

အကြိတ်အနယ်ရှိလှတဲ့ မဲရလဒ်တွေအရ ပြည်ထောင်စုရွေးကောက်ပွဲတရပ်အတွက် CDU/CSU ပါတီ နှစ်ရပ်ပေါင်း မဲရလဒ်ဟာ စစ်ပြီးခေတ်နောက်ပိုင်းမှာ ထိုးကျလာခဲ့တာကို တွေ့ရတယ်။

ဒါဟာ အစိုးရသစ်မဖွဲ့ခင် ညွန့်ပေါင်းဖွဲ့ရေး ဆွေးနွေးပွဲအရှည်ကြီးတွေ ပြောဆို ဆွေးနွေးရမယ့် အဓိပ္ပာယ်ပဲ။ သူတို့နဲ့အတူ ဂရင်းပါတီနဲ့ FDP ပါတီတွေပါ ပါဝင် ဆွေးနွေးကောင်း ဆွေးနွေးရနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

8 mins Ago

November 8, 2020

ဇေယျာသီရိမြို့နယ်၌ ရေတွက်ပြီးသမျှ မဲရလဒ်အရ အန်အယ်လ်ဒီ အသာရနေ 

နေပြည်တော် တပ်နယ်မြေ၊ ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ်မှာ စုစုပေါင်း မဲရုံ ၇၄ ရုံ ရှိတဲ့အနက် မဲရုံ ၄၇ ရုံရဲ့ ဆန္ဒမဲလက်မှတ်တွေ ရေတွက်ပြီးချိန်မှာ  ပြည်သူ့လွှတ်တော်နေရာအတွက်    အန်အယ်လ်ဒီပါတီက  မဲ ၁,၈၀၀ လောက် အသာရနေတယ်လို့ သိရပါတယ်။ တပ်မဲရုံ ၁၁ ရုံအပါအဝင် မဲရုံ ၄၇ ရုံက မဲတွေကို ရေတွက်မှုအပြီးမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း  ဒေါက်တာမိုးဆွေက  ၁၉,၂၇၀ မဲ၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ  ဦးသန်းဌေးက ၁၇,၄၈၀ မဲ ရရှိနေပြီး အန်အယ်လ်ဒီပါတီက မဲ ၁,၇၉၀ အထိ အသာရရှိနေတာဖြစ်ပါတယ်။  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၀,၀၀၀ ကျော်ရှိနေတဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ တပ်မတော်သား မဲပေးခွင့်ရှိသူက ၂၀,၀၀၀ လောက်ရှိနေပြီး ရေတွက်ဖို့ကျန်နေသေးတဲ့ မဲရုံ ၂၇ ရုံ ရှိပြီး ဒီအထဲမှာ တပ်မဲရုံ ၅ ရုံလည်း ကျန်နေသေးတာဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်ပါဝင်တဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁ မှာလည်း အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ကျန်ပါတီတွေက ကိုယ်စားလှယ်လောင်းတွေထက် အသာရရှိနေတယ်လို့လည်း သိရပါတယ်။ ဇေယျာသီရိမြို့နယ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် ကြံ့ခိုင်ရေးပါတီ အနိုင်ရထားတဲ့ နယ်မြေဖြစ်ပါတယ်။  ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
11 months Ago

ကနီမြို့နယ်က ရပ်ကျေးမဲရုံအချို့တွင် မဲရလဒ်များထွက်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်က၊ ယင်းယိမ်အုပ်စု၊ သဖန်းချောင်းမဲရုံမှာ  ပထမဆုံး ရေတွက်ပြီးစီးသွားတဲ့ မဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ သဖန်းချောင်းမဲရုံတာဝန်ရှိသူက ပြောပါတယ်။ ပြည့်သူ့လွှတ်တော်မှာ NLD က ၁၉၄ မဲ၊ USDP က ၂ မဲ၊ ပယ်မဲ ၂ မဲ ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်မှာ NLD က ၁၉၃ မဲ၊ USDP က ၃ မဲ၊ ပယ်မဲ ၂ မဲ တို့ ဖြစ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)မှာတော့ NLD က ၁၈၇ မဲ၊ USDP ၃ မဲ၊ တ.စ.ည ၁ မဲ နဲ့ ပယ်မဲ ၇ မဲတို့ဖြစ်တယ်လို့ ကနီမြို့နယ်ရဲ့ ကနဦးမဲစာရင်းအရ သိရပါတယ်။ တရားဝင်မဲရလဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်မှာ ဖြစ်ပါတယ်။  သတင်း - ကျော်မင်းသန့်
11 months Ago
Up