close

မဲရုံများ

close

October 30, 2022

မဲရုံများ အစွန်းရောက်သမားများ၏ ပစ်မှတ်ဖြစ်လာနိုင်ဟု နယူးယောက်ရဲဌာန သတိပေး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရဲဌာနက အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲတွေ မတိုင်မီ အပြင်းအထန် သတိထားဖို့ တောင်းဆိုခဲ့ပြီး အစွန်းရောက် သမားတွေဟာ နိုင်ငံရေး အခမ်းအနား တွေနဲ့ မဲရုံတွေကို ပစ်မှတ်ထားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ 

မဲရုံလုပ်သားတွေ၊ ဆန္ဒဖော်ထုတ်သူတွေနဲ့ နိုင်ငံရေး ကိုယ်စားလှယ်လောင်းတွေဟာ နိုဝင်ဘာ ၈ ရက် ရွေးကောက် ပွဲမတိုင်မီ တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားနေတယ်ဆိုတဲ့ ရဲဌာနက အောက်တိုဘာ ၂၆ ရက် ထုတ်ပြန်ချက်ကို ကိုးကားပြီး ABC နဲ့ CNN သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ခုအချိန်မှာ ရဲတပ်ဖွဲ့က ယုံကြည်ရလောက်တဲ့ ခြိမ်းခြောက်မှုမျိုး မရှိပေမယ့် တိုက်ခိုက်မှု ဒါမှမဟုတ် ခြိမ်းခြောက်မှုအန္တရာယ်ကို အာရုံစိုက်နေတယ်လို့ သတင်းလွှာက အလေးပေးဖော်ပြ ခဲ့ပါတယ်။ 

ရာဇ၀တ်မှုနှုန်းတွေ မြင့်တက်လာတာဟာ နယူးယောက်နဲ့ နိုင်ငံတဝန်းက မဲဆန္ဒရှင်တွေအတွက် ထိပ်တန်းရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တခု ဖြစ်လာခဲ့တာပါ။ 

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဒီမိုကရက်ပါတီဝင် ကေသီ ဟိုချူးနဲ့   ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားလှယ် လီဇယ်လ်ဒင်တို့ကြား စကားစစ်ထိုးပွဲ အတွင်း အများပြည်သူ ဘေးကင်းလုံခြုံရေးကို ခုသီတင်းပတ်မှာ အဓိက ဆွေးနွေးခဲ့ကြပါတယ်။

ဇူလိုင်လမှာ ဇယ်လ်ဒင်ဟာ မဲဆွယ်မိန့်ခွန်း ပြောနေတုန်း အမျိုးသားတစ်ဦးက စင်မြင့်ပေါ်တက်ပြီး ဓားနဲ့ထိုးဖို့ ကြိုးစား ခဲ့ပါတယ်။ ဇယ်လ်ဒင်ဟာ မထိခိုက်ခဲ့ဘဲ တိုက်ခိုက်သူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

13 hours Ago

November 8, 2020

ကျိုက်ထိုမြို့ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးမှုမြင်ကွင်း (ဓာတ်ပုံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တချို့က မဲရုံတွေမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်တွေ ဒီနေ့မနက် ဆန္ဒမဲ လာရောက်ပေးနေကြပါတယ်။ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျိုက်ထိုမြို့နယ်အတွင်း မဲရုံပေါင်း ၉၅ ရုံနဲ့ ဆန္ဒမဲပေးနိုင်သူ ၁၃၈,၃၆၆ ဦးရှိပြီး နိုင်ငံရေးပါတီပေါင်း ၆ ခုက ကိုယ်စားလှယ်ပေါင်း ၁၇ ဦးက ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာအေးဇံက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ယူမင်းစိုး
2 years Ago
Up