close

မဲအများဆုံးရ

close

July 18, 2022

ဗြိတိန်ဝန်ကြီးချုပ်နေရာအတွက် ဘဏ္ဍာရေးဝန်ကြီးဟောင်း ရိရှိ ဆူနာ့ခ် မဲအများဆုံးရရှိ

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရိရှိ ဆူနာ့ခ်ဟာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်အဖြစ် ဘောရစ်ဂျွန်ဆင် နေရာကို ဆက်ခံဖို့ ဒုတိယအကြိမ်မဲအများဆုံးရခဲ့ပါတယ်။ 

ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးချုပ်လောင်း ၅ ယောက်ဟာ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲမှာ နိုင်ငံကို ဘယ်လို ဦးဆောင်မလဲဆိုတာကို အချေအတင် ငြင်းခုံခဲ့အပြီး ကိုယ်စားလှယ် လောင်းတဦးကို ဇူလိုင် ၁၄ ရက်က ဖယ်ရှားခဲ့ပါတယ်။

ဆူနာ့ခ်ဟာ ၁၀၁ မဲနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး အငယ်တန်း ကုန်သွယ်ရေးဝန်ကြီး ပန်နီ မောဒွန့်ထ် က ၈၃ မဲ၊ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရက်စ်က ၆၄ မဲ ရခဲ့ကြပါတယ်။ ရှေ့နေချုပ် ဆူဝယ်လာ ဘရေဗာမဲန်း ကတော့ ထောက်ခံမဲ ၂၇ မဲရပြီး ဖယ်ရှားခံခဲ့ပါတယ်။

လွှတ်တော်အမတ် တွမ် တူဂန်ထာ့ဒ်က ၃၂ မဲနဲ့ တန်းတူညီမျှရေး ဝန်ကြီး ခါမီ ဘာဒင်နော့ချ်က ၄၉ မဲ အသီးသီးရခဲ့ကြပါတယ်။ 

သူတို့ထဲက ဘယ်သူပဲ ဝန်ကြီးချုပ် ဖြစ်လာပါစေ၊ တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး နှေးကွေးမှုတို့ကတော့  စောင့်ကြိုနေပါတယ်။ 

ဝန်ကြီးချုပ် ဂျွန်ဆင်လက်ထက် နာမည်ပျက်စရာ၊ သိက္ခာကျစရာ ဇာတ်လမ်းတွေ တသီတတန်းကြီး ပေါ်ပေါက်ခဲ့တာကြောင့်လည်း ကွန်ဆာဗေးတစ် ခေါင်းဆောင်ပိုင်းအပေါ် လူထုထောက်ခံမှုလည်း ကျဆင်းနေပါတယ်။ 

ရှေ့သုံးရက်မှာ ဝန်ကြီးချုပ်လောင်း တယောက်စီဟာ ပြိုင်ပွဲကနေ ထွက်ရမှာပါ၊ နောက်ဆုံး ကျန်တဲ့ ၂ ယောက်ကို ကွန်ဆာဗေးတစ် ပါတီဝင်တွေက မဲပေးရွေးချယ်ပြီးရင် ဘယ်သူ ဝန်ကြီးချုပ် ဖြစ်လာမလဲဆိုတာကို စက်တင်ဘာ ၅ ရက်နေ့  ကြေညာမှာ ဖြစ်ပါတယ်။

1 min Ago
Up