close

မံပန်ကျေးရွာ

close

October 9, 2021

တနိုင်းမြို့နယ်၌ ကချင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးဘေးမှာရှိတဲ့ မံပန်ကချင်ကျေးရွာကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီလောက်မှာ စစ်‌ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့  ခရစ်ယာန် ဘုရားကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဒေသခံ ပြည်သူတစ်ဦးက “စစ်ကောင်စီတပ်ဖွဲ့တွေက RPG နဲ့ပစ်ခတ်ခဲ့လို့ ကျေးရွာတချို့က ခရစ်ယာန်ဘုရားကျောင်း၊ ကက်သလစ် ဘုန်းတော်ကြီးနားခိုရာ အဆောက်အအုံနဲ့ သီလရှင် နားခိုတဲ့ အဆောက်အအုံတို့ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက  ဘုရားကျောင်းတွေမှာ လူရှိနိုင်တယ်ပစ်ဆိုပြီး  RPG နဲ့ နှစ်ချက် ပစ်လိုက်တာလို့လည်း  မျက်မြင်တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်  လီဒိုလမ်းမတလျှောက် ကချင်ပြည်နယ်ထဲမှာ  စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး  ဒေသခံတွေအများအပြား မြစ်ကြီးနားဘက်ကို စစ်ရှောင်နေကြပါတယ်။

2 mins Ago
Up